Part 23 || Is it virtually truth or not?||

Zacznij od początku
                                        

သေချာသည်၊ Chanyeol မယုံကြည်ပဲနှင့် အပေးအယူကို လက်ခံခဲ့သည်၊ ကိစ္စမအောင်မြင်ခဲ့လျှင် Baekhyunကို အဆုံးသတ်လိုက်ရုံပင် သို့သော် Junmyeon ကို ပြန်
ခေါ်ဖို့က ရွေးရခက်သည့် နည်းတစ်ခုဖြစ်နေခဲ့သည်မို့ မလွဲသာပဲ Chanyeol ဒီအခြေအနေအထိ ရောက်လာခဲ့သည်ဆိုရမည်ပေါ့။ကံကောင်းစွာဖြင့် Chanyeol အသာ
စီးရသည့်အခြေအနေများ ဖြစ်လာသည်မို့ ယခု ကိစ္စကိုChanyeol ပါးနပ်စွာ လုပ်ဆောင်တတ်ရုံသာလိုသည်။

"Park Chanyeol ssi အနေနဲ့ ကျေးဇူးတင်စကားထက်အပြစ်တင်ရတာက ပို လွယ်တယ် ထင်တယ်နော်၊ ခင်များက အတော်လေးစားလောက်ပါတယ်"

Baekhyun လက်ထဲက သစ်သားစကို ဖြေးဖြေးချင်း မီးလောင်ကျွမ်းစေရင်း လေပြည်နှင့်အတူ ပြာစများက လွင့်မြောပါသွားသည်။Chanyeol တချက် မဲ့ပြုံးပြုံးလိုက်ပြီး လက်ပတ်နာရီကို ကြည့်ရင်းပြောသည်။

"အခုပဲ ၁ရက်ထပ်ကုန်တော့မယ်၊ အပြောနဲ့အလုပ်နဲ့ညီအောင် မင်း လုပ်ခဲ့ရင် ငါ အခုလို ဖြစ်ပါ့မလား၊Baekhyun ssi သေချာလေး စဉ်းစားလိုက်ပါ၊ ငါ လိုချင်
တဲ့ အဖြေကို မင်းဘက်က မပေးနိုင်ရင် ငါ ခွေးတကောင်ကို ငွေပုံပေးပြီး ခိုင်းလိုက်တာမှ ခြေရာခံတာ မင်းထက်သာဦးမယ်လို့ မထင်ဘူးလား"

"ကျွန်တော်က Park Chanyeol Ssi အတွက် ကူညီပေးနေ ပြီပဲလေ၊ ဒါတောင် ခင်များက ခွေးကမှ စိတ်ချရမယ်ထင်လည်း တခါလောက်ဖြစ်ဖြစ် ကြိုးစားကြည့်လိုက် ပါလား၊ အရာရာငွေပေးတိုင်းသာရနေရင် ပြောလို့မ ရဘူး ခွေးတောင် အသားမစားပဲ ခင်များပေးတဲ့ငွေပဲထိုင်သုံးမလားဆိုတာ"

"မင်း!!"

Baekhyun ရဲ့ အပြုံးချိုချိုလေးနဲ့ တောက်ပတဲ့ မျက်ဝန်းပြာလေးတွေက Chanyeol ရဲ့ အတုအယောင်ဒေါသကို
တောင် စစ်မှန်လာစေတဲ့အထိ စွမ်းသည်။အရေးမပါသည့် အသေးအဖွဲကိစ္စနှင့် အချင်းပွားနေရခြင်းအတွက်Chanyeol စိတ်လျော့လိုက်သည်၊ ဒီကောင်လေးနှင့်
စကားနိုင်လုရတဲ့အထိ သူက သိက္ခာမရှိသည့်သူမှ မဟုတ်ပဲ။Chanyeol မူလ စကားလမ်းကြောင်း ပြန်စ လိုက်သည်။

"သူတို့ ဘယ်ကို ဦးတည်နေလဲ"

"အရင်ဆုံး ခင်များရဲ့ အဓိပ္ပါယ်မရှိတဲ့ အပြုအမူတွေကို ရပ်မယ်ဆိုမှ ကျွန်တော်ဆက်ကူပေးနိုင်မယ်"

MY SHINING COMETOpowieści tętniące życiem. Odkryj je teraz