အထူးသဖြင့် Baekhyun သည် AI သုံးမျိုးအနက် သတင်းရယူမှု စွမ်းဆောင်ရည်အမြင့်ဆုံးဖြစ်ကြောင်း
Chanyeol စစ်ဆေးပြီးနှင့်သည့်အတွက် ယခုအခြေအနေသည် ကိုင်တွယ်ရ အခက်
ကြီး မဟုတ်ပါပေ။ဘာပဲဖြစ်ဖြစ် Baekhyun ကို ရရှိထားခြင်းသည် Chanyeol အတွက် လက်နက်ကောင်းတစ်ခုသဖွယ်ပင်။ရန်သူအား တန်ပြန်တိုက်ခိုက်စရာပင်မလိုပဲ အလိုအလျောက်ဖျက်ဆီးပစ်နိုင်ဖို့ ဘုရားသခင်ပေးသည့် ဆုလာဘ်တစ်ခု။
သို့သော် Chanyeol မှာ အကောင်းပြောလိုစိတ် နည်းနည်းလေးတောင်ရှိမနေပေ။အားလုံးသည် ဟန်ပြအယောင်ဆောင်သက်သက်သာဖြစ်၏။ယုတ်စွအဆုံး
ဒေါသသည်ပင် အတုအယောင်မျှသာ၊ ယခုချိန်သည်Chanyeol အတွက် အကျေနပ်ဆုံး ဖြစ်သည့်တိုင် လုံးဝ မနှစ်မြို့လေဟန်ပြုမူခြင်းက သူ့ကို အနိုင်ရစေသည်ပဲ။
ပြောရလျှင် Junmyeon အား ထို AI မှ ခေါ်ယူထားသရွေ့Chanyeol မှာ W.Net ကို တိုက်ခိုက်ဖို့ နည်းလမ်းတွေ
ရပြီးရင်းရနေပေသည်။အဆုံးသတ်အထိရောက်ရန် စိတ်ရှည်ဖို့သာလိုသည်၊ အချိန်အနည်းငယ်လောက် Junmyeon ထပ်ဆွဲပေးရုံဖြင့် Chanyeol အတွက်အကောင်းဆုံးအခွင့်အရေးဖြစ်လာနိုင်သည်။ယခုချိန်မှာအရေးအကြီးဆုံးက Baekhyun ကို ထိန်းချုပ်ထားနိုင်ဖို့သာ ဖြစ်ပေသည်။ထို့ကြောင့် Baekhyun ကို တတ်နိုင်
သမျှ ဖိနှိပ်ထားဖို့ကလွဲလို့ Chanyeol အတွေးမရှိ။
Baekhyun နှင့် အပေးအယူလုပ်ခဲ့သည့် ရက်ပိုင်းဆီChanyeol အတွေးရောက်ခဲ့သည်။ထိုအချိန်က အပေးအယူက ရိုးရှင်းသည်၊ Junmyeon အား Chanyeol ပြန်ရှာနိုင်အောင် ကူညီပေးမည်၊ သို့သော် ထို AI ကောင်ကိုတော့ Chanyeol လက်လွှတ်ပေးရမည်တဲ့။ကျိန်းသေ
Chanyeol လက်ခံစရာအကြောင်းမရှိသည်ပဲ၊ သို့သော်သဘောတူပေးခဲ့သည်၊ အံ့အားသင့်စရာ ကမ်းလှမ်းမှုကို အစားထိုးရခဲ့ခြင်းကြောင့်။
~~~Hyung nim ကို ကျွန်တော် ခေါ်ထုတ်သွားမယ်၊ အဲ့အချိန်ထိ ခင်များ ကတိကို တည်ဖို့လိုလိမ့်မယ်၊ ဒီ့အတွက် ခင်များ ကျေနပ်မှာ မဟုတ်မှန်း ကျွန်တော်သိတယ်၊ W.Net Server ကို ဖြတ်ဖို့ ကျွန်တော့်ကို အသုံးချလိုက်၊ အချိန် ၃ရက်အတွင်း W.Net က ခင်များ အပိုင်ဖြစ်လာလိမ့်
မယ်~~~
ထိုစဉ်က Chanyeol လုံးဝ မယုံကြည်ခဲ့ဘူး၊ Baekhyun ရဲ့ AI Code က အလယ်အလတ်အဆင့်ရှိရုံလောက်ပဲ
မလို့ W.Net မှာ ဒီလောက် ရူးမိုက်တဲ့ လျှို့ဝှက်နည်းလမ်းကို ထားရလောက် တုံးအတဲ့ အဖွဲ့အစည်း မဟုတ်သရွေ့
ဒီနည်းက ဟာသဖြစ်နေလိမ့်မည်။သို့သော် Baekhyun ရဲ့လုပ်ဆောင်ချက်က ထင်ထားသည်ထက် မြင့်မားနေ
သည့်အခါမှသာ Chanyeol လက်ခံနိုင်သွားသည်။ဤအချင်းအရာအား လက်ခံပြီးသည်မှာ ယခု မိနစ်ပိုင်းမှသာ ဖြစ်သည်။
YOU ARE READING
MY SHINING COMET
Romance𝓗𝓸𝔀 𝓼𝓽𝓻𝓪𝓷𝓰𝓮 𝓣𝓸 𝓭𝓻𝓮𝓪𝓶 𝓸𝓯 𝔂𝓸𝓾 𝓔𝓿𝓮𝓷 𝔀𝓱𝓮𝓷 𝓘 𝓪𝓶 𝔀𝓲𝓭𝓮 𝓪𝔀𝓪𝓴𝓮𝓷 Cover by Amaryllis_Lian #Xingho Fanfiction #primrose_vanilla
Part 23 || Is it virtually truth or not?||
Start from the beginning
