Part 23 || Is it virtually truth or not?||

En başından başla
                                        

"စိတ်မရှိပါနဲ့ CEO Park ကျွန်မတို့ အစွမ်းကုန်ကြိုးစားပါ့မယ်"

"ကျွန်တော့်တူကို ပြန်တွေ့ဖို့ပဲလိုတယ်"

"၂၄နာရီ အတွင်းတွေ့ရပါစေမယ်"

Chanyeol နှင့် အပြန်အလှန် နှုတ်ဆက်ပြီးနောက် အလောတကြီး ထွက်သွားသည့် စုံစမ်းရေးမှူးMin နှင့်ရှာဖွေနေကြသည့် ရဲများ ထွက်ခွာသွားသည်နှင့် Chanyeol ၏ အပြုံးတို့ ပျောက်ကွယ်ကာ ခက်ထန်သည့်
အကြည့်စူးစူးတို့က နဂိုအတိုင်း ဖြည့်စွက်လာသည်။

"အတွင်းရေးမှူးဂျန်"

"ဟုတ်ကဲ့ပါ CEO Park"

"သိပ်အသုံးမဝင်ရင် အစောကြီးထဲက ဖယ်ထား၊ အကျိုးမရှိပဲ အာရုံနောက်တယ်"

နှစ်ပေါင်းများစွာ အတွင်းလူယုံအဖြစ် အလုပ်လုပ်လာသူမလို့ Chanyeol အကြီးအကျယ် ဒေါသထွက်နေသည်ကို
တခြားသူထက် ကောင်းစွာသိမြင်သည့်အပြင် ယခုက စိတ်တိုရုံအဆင့်မျှနှင့်မပြီးပဲ အဆုံးသတ်ဖယ်ရှားစေလိုခြင်းကြောင့် မထင်မှတ်ပဲ ပျောက်ကွယ်ရမည့် လူတစ်စုအတွက် စိတ်မကောင်းဖြစ်ရုံမျှလွဲ၍ မတတ်နိုင်သည်မို့

"ချက်ချင်းဆောင်ရွက်လိုက်ပါ့မယ် CEO nim"

သက်ပြင်းချလျက် ခပ်သွက်သွက်ထွက်သွားပြန်သည့်အတွင်းရေးမှူးဂျန်၏ နောက်ကျောပြင်အားကြည့်ရင်းBaekhyun ၏ မျက်ဝန်းပြာလေးများမှာ တယောက်
သောသူအတွက် စိတ်မချမ်းမမြေ့ဖွယ်ဖြစ်နေလေဟန် ရှိသည်။

Chanyeol ကတော့ အတတ်နိုင်ဆုံး ရှုပ်ထွေးနေသည့်စိတ်ကိုချုပ်တည်းကာ အိတ်ကပ်ထဲမှာ သစ်သားအပိုင်းအစကို
ထုတ်ယူပြီး Baekhyun မျက်စိရှေ့၌ ဖြန့်ပြ၏။

"မင်းရဲ့ ခြေရာခံနိုင်စွမ်းက ဒီအဆင့်ထိပဲရှိမှန်းသိရင် ငါအချိန်ကုန်ခံခဲ့မှာမဟုတ်ဘူး Baekhyun ssi"

Chanyeol လက်ထဲက သစ်သားအပိုင်းအစလေးကိုBaekhyun လှမ်းယူလိုက်ပြီး ဖြေရှင်းချက်တစ်ခုခုမရသရွေ့ လုံးဝကျေနပ်နိုင်ခြင်းရှိမည်မဟုတ်သည့်
Chanyeol ၏ အထင်အမြင်သေးလွန်းနေသည့် ပုံရိပ်အား စေ့စေ့ကြည့်စရာပင်မလိုပဲ အလိုလို ခံစားမိနေ၏။

သာမန်လူ၏ အမြင်၌ ဤ သစ်သားပိုင်းစသည် အမှိုက်ထက် ပိုမည်မဟုတ်သော်လည်း Baekhyun အတွက်တော့ လုံလောက်သည့် သတင်းအချက်အလက်ပင်။
တချက်ကြည့်ရုံမျှဖြင့် လွန်ခဲ့သည့်၂၄နာရီအတွင်းဖြစ်ပျက်ခဲ့သည့်မှတ်တမ်းအား CCTV ထက်တိကျစွာBaekhyun ပြောနိုင်သည်။ဤသည်ကို ဘယ်သူမဆို
ထက် Chanyeol အသိဆုံးဖြစ်သည်။Technology လုပ်ငန်းစုတစ်ခု၏ ပိုင်ရှင်ဖြစ်သည့်အလျောက် သူတို့ရောက်ရှိသည့် ယခုကမ်းခြေနေရာ၌ Junmyeon နှင့်
စက်ရုပ်ကောင်တို့ လက်ရာခြေရာမကျန်နိုင် အချိန်လုကာ ထွက်ပြေးကြပါစေဦး၊ Baekhyun ကဲ့သို့ Generation တူ AI Hybrid ရှိနေသရွေ့ တနည်းမဟုတ်တနည်း သတင်းရဖို့ အလွယ်လေးပင်။

MY SHINING COMETHikayelerin yaşadığı yer. Şimdi keşfedin