"ကိုကို~ ကိုကို~ ထတော့"

"အွန်း..."

"အွန်းဆိုပြီးမျက်လုံးဖွင့်တော့လေ"

"အစောကြီးရှိသေးတယ် ကျန့်ငယ်လည်းပြန်အိပ်လာလေ"

"မရဘူးထတော့ ဒီနေ့မားတို့လာမှာထထ"

"ကျန့်ငယ်ကလည်းကွာ"

"မထဘူးလား ကိုကို!!"

"ထပြီးထပြီး"

"အောက်ကစောင့်နေမယ် မြန်မြန်လုပ်"

"ဟုတ်ကဲ့ပါဗျ"

ကျန့်ငယ်ကအရင်ကလို့မဟုတ်တော့ဘူး သူနဲ့ကျွန်တော်ကအပေးအယူကြောင့်အစကမိဘ‌တွေရှေ့မှာချစ်ပြခဲ့ပေးမယ်နောက်ပိုင်းသူကိုယ်တိုင်းကကျန့်ငယ်ကိုသံဃောဇဉ်တွယ်လာတယ် တချို့ရက်တွေဆိုကျန့်ငယ်အိမ်မှာမရှိရင်မနေတတ်တဲ့အထိဖြစ်လာတယ် ကျန့်ငယ်ကခနလေးအတွင်းမှာသူကိုစိုးမိုးနိုင်တာဘဲ အရင်ကအိပ်ယာထနောက်ကျတဲ့ကလေးကသူစကားတစ်ခွန်းနဲ့မနက်၅နာရီအမြဲထပြီး ဟင်းချက်တယ်သူဖို့အဝတ်စားပြင်ပေးတယ် သူကိုအကုန်ဂရုစိုက်ပေးတယ် ကျန့်ငယ်နဲ့အတူရှိချိန်မှာရှင်းယံဆိုတဲ့မိန်းက‌‌လေးကိုတောင်မေ့နေခဲ့တယ်

"မဆင်းလာသေးဘူးလား သွားတိုက်ဆေးအဆင်သင့်ထည့်ပေးထားတယ် အင်္ကျီလည်းအဆင်သင့်ထုတ်ပေးခဲ့တာကိုး"

ဒီကလေးကသူကိုဆိုအသေးစိတ်ကစဂရုစိုက်ပေးသေးတယ် တစ်ခုရှိတာကဒီကလေးကအတော်စွာတယ် သူကနောက်ပိုင်းသိပ်မဆူတဲ့အခါပိုပိုဆိုးလာတယ်ထင်ပါတယ် သူကိုလည်းမကြောက်တော့ဘူး ဒေါသအိုးလေးကမထင်ရင်မထင်သလို့ချစ်စရာကောင်းစွာထပေါက်ကွဲတတ်သေးတယ် မချစ်ဘဲယူခဲ့တဲ့အိမ်ထောင်ရေးမှာသူတို့ခုထိ‌ရန်မဖြစ်ခဲ့ဘူးဘူး ဒီလောက်ဆိုသူတို့အိမ်ထောင်ရေးကဟန်ဆောင်တာဖြစ်ရင်တောင်သာယာတဲ့အိမ်ထောင်ရေး အများအားကျရတဲ့အိမ်ထောင်ရေးဖြစ်နေပြီး ယောက်ျားလေးနှစ်ယောက်ယူတာဆိုပြီးပြစ်တင်ဝေဖန်သံတွေလည်းကျော်လွှားနိုင်ခဲ့တယ် ဒီ၉လအတွင်းသိခဲ့တာကျန့်ငယ်ကိုချစ်လာပြီးဆိုတာဘဲ
__________________________________
"ကျန့်ငယ်"

"ဟင့်"

"ငိုနေတာလား ဘာလို့လဲ ကျန့်ငယ်မလို့ခြင်းရင်ကလေးမယူဘဲနေကျမယ်လေ မငိုပါနဲ့ ကိုမားတို့ကိုပြောပေးမယ်လေ"

💚ကိုကိုရဲ့ကျန့်ငယ်❤️💌Όπου ζουν οι ιστορίες. Ανακάλυψε τώρα