နှင်းတောင်ထွဋ်မှာပညာလာသင်ကြားဖို့ရောက်သည်ဆိုကတည်းကအပြင်လောကနဲ့ဆက်သွယ်ခွင့်မရှိတော့ပေမဲ့

ရှစ်ယင်သည်
သူ၏
ဖိတ်ကြားလွှာပေါ်တွင်ရေးသား၍အစီအရင်တစ်ခုတည်ကာမူလနေရာပြန်ကျရောက်စေသည်မို့စည်းကမ်းအားဖောက်ဖျက်သည်ဟုမဆိုနိုင်

ရှစ်စွမ်းဖြစ်သူနှင့်သူ၏ဆက်ဆံရေးမှာကောင်းလှချည်ရဲ့လို့မဟုတ်ပေမဲ့
အထိုက်အလျောက်တော့ပြေပြစ်တယ်လို့ယူဆနိုင်လေ၏

ဒီပုံစံအတိုင်းလေးနဲ့နှစ်သုံးရာကိုငြိမ်းငြိမ်းချမ်းချမ်းဖြတ်သန်းနိုင်ရင်ပဲမဆိုးဘူးလို့ပြောရမည်

မိုးကားလင်းစပြုလာပေပြီ
ပိုင်လီကမနက်ခင်းနေရောင်ခြည်ကို
အားမာန်ပြည့်စွာခံယူလိုက်ရင်း

ခိုင်မာစွာဆုံးဖြတ်လိုက်၏
ဒီနေ့
ဝိညာဥ်စွမ်းအားစမ်းသပ်မှုရလဒ်
ကောင်းကောင်းမွန်မွန်ထွက်လာပြီးလျှင်တော့
တခြားများများစားစားမတွေးတော့ဘဲလေ့ကျင့်ရေးတွင်သာအလုံးစုံမြှုပ်နှံပစ်လိုက်တော့မည်ဟူ၍......

*********************************************

နှင်းတောင်ထွဋ်ရှိလုံဝမ်ကျောက်တိုင်သည်
ကျောက်စိမ်းရောင်ဖြဖြတောက်လျက်
နှစ်ပေါင်းသောင်းချီတည်တံ့ခဲ့သောပြယုဂ်အဖြစ်
တည်တံ့မြဲမြံမှုများလွှမ်းခြုံထားလေ၏

ဤကျောက်တိုင်အတွင်းရှိဝိညာဥ်စွမ်းအားကျောက်တုံးရှေ့တွင်နှင်းတောင်ထွဋ်မှတပည့်ပေါင်းများစွာကသူတို့ဝိညာဥ်စွမ်းအားကိုစမ်းသပ်ခဲ့ကြပေသည်။

ထိုမှတဆင့်သူတို့၏ဝိညာဥ်စွမ်းအားအဆင့်အလိုက်ကျွမ်းကျင်အောင်လေ့လာသင်ကြားခဲ့ကြပြီးလောကအကျိုးကိုသယ်ပိုးနိုင်မည့်ပုဂ္ဂိုလ်များအဖြစ်ထွန်းပေါက်ခဲ့ကြပေ၏

ပိုင်လီသည်နည်းနည်းလေးမှစိတ်မလှုပ်ရှားပါဘူးလို့ပြောရင်လိမ်ညာရာကျလိမ့်မည်။
ဤသည်က
သူ့ဘဝ၏အရေးကြီးဆုံးသောအချိုးအကွေ့တစ်ခုဖြစ်လာမည့်အချိန်အပိုင်းအခြားဖြစ်၏

ဝိညာဥ်စွမ်းအားအမျိုးအစားထဲတွင်အမြင့်ဆုံးဖြစ်သောမီးစွမ်းအင်ရင်းမြစ်ဖြစ်လာရင်အကောင်းဆုံးဆိုပေမဲ့သူ့ကိုယ်ထဲကရင်းမြစ်အားသူကိုယ်တိုင်လည်းမယုံကြည်ဝံ့ပေ။

You've reached the end of published parts.

⏰ Last updated: Dec 09, 2023 ⏰

Add this story to your Library to get notified about new parts!

The Story Of Snowy SectWhere stories live. Discover now