My Lifeblood(Part 17)

Începe de la început
                                    

" ရှင်တို့လူနာခန်းထဲမှာရှိမယ်ထင်ထားတာ "

"ကျွန်တော်တို့အခုသွားမလို့ပါဘဲ"

"ရှင်တို့ကအခုမှသွားမလို့ဘဲရှိသေးတယ် လူနာကသတိတောင်ရနေပြီ"

"ဗျာ"

"ဗျာမနေနဲ့ သွားစရာရှိတာသွားလေ"

"သြော် ဟုတ်။လာ.....ဖိုးသား"

သူနာပြုမလေးရဲ့စကားအရ ပေလွှာရှိရာအခန်းသို့သွားရန် အဂ္ဂသူ့ဘေးကဖိုးသားလက်ကိုဆွဲကိုင်ပြီးထွက်သွားဖို့လုပ်လိုက်ပေမဲ့........

"ဖယ်ဗျ ကျွန်တော့်အသားကိုမထိနဲ့"

ဖိုးသား အဂ္ဂလက်ကိုဖြုတ်ပြီးဘဲ ပေလွှာရှိရာအခန်းသို့ခပ်သုတ်သုတ်ထွက်ခွာသွာလေသည်။

ဖိုးသားအရင်ထွက်ခွာသွားသည့်တိုင် နေရာရပ်နေမြဲရပ်နေသေးတဲ့အဂ္ဂ ကောင်လေးဖယ်ခံလိုက်ရတဲ့သူ့လက်သူကြည့်၍ ခပ်ပြုံးပြုးနဲ့သာ။

"ဟွန်း စိတ်ဝင်စားစရာကောင်းတဲ့မာနခဲလေးဘဲ။၁၆နှစ်ဆိုလဲမဆိုးပါဘူး နောက်နှစ်နှစ်လောက်ဆိုမင်းကငါ့လက်ထဲရောက်နေလောက်ပြီ"

"ဟင့်......ယောကျာ်းတွေများ"

အဂ္ဂသူ့ဘေးမှ ခေါင်းလေးတစ်ခါခါဖြင့်ညည်းညူထွက်သွားတဲ့သူပြုမလေးရှိနေတာကိုမေ့လျော့နေခဲ့ရာ ထိုသူနာပြုမလေးဆီကစကားသံတစ်ချို့ထွက်ပေါ်လာမှဘဲဘေးမှာလူရှိတာသတိရသည်။ထို့နောက် သူလည်းရှက်ရှက်ဖြင့်ဘဲမျက်နှာတည်တည်နေလျက် ဖိုးသားနောက်မှလိုက်လာခဲ့လေသည်။

"သက်သာလားအကို"

မျက်နှာတစ်ခြမ်းကိုဖြူဖွေးနေတဲ့ပတ်တီးလေးအုပ်ထားတာကြောင့် ဖိုးသားစကားတွေပြောနေပေမဲ့ ပေလွှာ့မျက်နှာကိုသူသေချာမြင်ခွင့်မရပါ။သတိရသော်ငြားလည်း သူ့ကိုပေလွှာစကားစမပြောသေး၊သူမေးသမျှကိုခေါင်းလေးငြိမ့်ပြယုံမျှသာငြိမ့်ပြလေသည်။

"အကို့ကိုဒီလိုဖြစ်အောင်ဘယ်သူလုပ်တာလဲဟင် အဲ့လူယုတ်မာတွေကိုထောင်ထဲထည့်ပစ်မယ်"

အားမာန်အပြည့်နဲ့မကြောက်မရွံ့ပြောလေတဲ့ထိုအသံလေးကြောင့် ပေလွှာပြုံးမိသလိုတဆက်ထဲမှာဘဲအဲ့အဖြစ်အပျက်ကြီးကိုပြန်တွေးမိရင် ခံစားခဲ့ရတဲ့နာကျင်မှုကြောင့်ပါးပြင်ထက်မှာမျက်ရည်လေးများမဖိတ်ခေါ်ဘဲတွဲခိုနေလေပြီ။

My Lifeblood(complete)Unde poveștirile trăiesc. Descoperă acum