My Lifeblood(Part 17)

Start from the beginning
                                    

"မင်းကိုယ့်ကိုလာနောက်နေတာလား"

"မဟုတ်ပါဘူး ကျွန်တော်၁၀တန်းတောင်တက်နေပြီ။အကိုမယုံရင်ကျောင်းလိုက်ခဲ့"

"မင်းနာမည်ဘယ်လိုခေါ်လဲ"

"ဖိုးသား"

"တကယ်လို့ကိုယ်ကျောင်းလာကြည့်လို့ မင်းပြောသလိုမဟုတ်ရင်အကိုစိတ်ဆိုးမှာနော်"

ဖိုးသား ရှိုင်းအဂ္ဂဆွဲကိုင်ထားတဲ့သူ့လက်ကို အနောက်သို့ပြန်ရုန်းဘဲ လေသံခပ်မာမာဖြင့်......

"ကျွန်တော်ပြောသလိုဟုတ်နေခဲ့ရင် အကိုကျွန်တော်ခိုင်းတာလုပ်မှာလား"

"OKလေ အဂ္ဂဆိုတဲ့ကောင်က စိန်ခေါ်ရင်ငရဲမင်းကြီးတောင်အာဘွားသွားပေးရဲတယ်"

"နှာဘူးကြီးဘဲခင်ဗျားက ငရဲမင်းတောင်အလွတ်မပေးဘူး"

"မင်းထင်လို့ပါ အကိုကတကယ်တော့လူရိုးလေး"

အဂ္ဂစကားကြောင့် ဖိုးသားမဲ့ပြုံးတစ်ချက်ပြုံးလျက်......

"လူရိုးဆိုတာသင်္ချိုင်းမှာဘဲရှိတယ်"

"မထင်ထားဘူး မင်းလည်းစကားတက်သားဘဲ"

"ခင်ဗျားနဲ့ပေါင်းမိလို့ရှိမှာပေါ့"

"အဟက်...အခုမှတွေ့တယ် မင်းကကိုယ်နဲ့ပေါင်းတောင်ပေါင်းချင်နေပြီလား"

"ဘာဗျ"

ဖိုးသားစိတ်တိုတိုနဲ့ ထိုင်နေရာမှထပြီးတပ်ကြပ်စွာဆုပ်ထားတဲ့လက်သီးလေးကို အဂ္ဂမျက်နှာအားထိုးရန်ပြင်လိုက်စဥ် သူ့လက်သီးဆုပ်သေး​ေလေးကို အဂ္ဂဖမ်းဆွဲပြီးပြုံးပြုံးကြီးနဲ့ကြည့်လေသည်။အပိုးမကျိုးဘဲပြောင်နေနိုင်သေးတဲ့အဂ္ဂတော့ဘယ်လိုနေမလဲမသိပေမဲ့ ဖိုးသားစိတ်ထဲတွင်တော့ထရိုက်ချင်စိတ်တို့အတိုင်းမသိပင်။

"အဟင်း......ဟင်း"

​​အ​ချေအတင်ဖြစ်နေကြတဲ့သူတို့နှစ်ယောက် ဘေးနားမှာလူလာတာကိုတောင်သတိမထားမိချေ။ဘေးနားကသူနာပြုမလေးချောင်းဟန့်လိုက်မှသာ အဂ္ဂသူကိုင်ထားတဲ့ဖိုးသားလက်ကိုလွှတ်ပေးပြီး ဖိုးသားလည်းသူ့လက်လွတ်မှသူ့မုန့်တောင်းလေးကိုတင်းကြပ်စွာဆုပ်ကိုင်ပြီး သူနာပြုမလေးဘက်မျက်နှာမူလိုက်၏။

My Lifeblood(complete)Where stories live. Discover now