My Lifeblood(Part 17)

Start from the beginning
                                    

"ကိုယ့်ကိုအားလုံးရောင်းမလား"

"အားလုံးလား"

"အင်း"

မျက်လုံးလေးများလက်ပြီး အပြုံးချိုချိုလေးတွေပြုံးလေတဲ့ကလေးငယ်ပုံကပျော်ရွှင်သွားပုံရသည်။ချက်ချင်းဆိုသလိုဘဲ......

"ရောင်းမယ်...ရောင်းမယ်ဗျ။ကျွန်တော့်မေမေက ဒီမုန့်တွေမကုန်ရင်ရိုက်မှာ"

"ကိုယ်မဝယ်ရင်မင်းဘယ်လိုလုပ်မလဲ"

"ဆက်ရောင်းမှာပေါ့...ဟိဟိ"

"ဒါဆိုလဲဆက်ရောင်းတော့ ကိုယ်မဝယ်တော့ဘူး"

"ဒါဆိုမဝယ်တော့ဘူးပေါ့"

သူစလိုက်ပေမဲ့ဘာမှမသိရှာတဲ့ကလေးငယ်က မျက်နှာလေးညိုးငယ်သွားပြီး ခြင်းတောင်းလေးကိုသာငုံ့ကြည့်လို့သာ......။

ပါးချိုင့်လေးများခွက်ဝင်သည်အထိပြုံးလေတဲ့ထိုလူ ခေါင်းလေးငုံ့ကာငိုမဲ့မဲ့လေးဖြစ်နေရှာတဲ့ကလေးငယ်ရဲ့မျက်နှာလေးအား သူ့ဘက်သို့ဆွဲလှည့်၍.........

"ကိုယ်အကုန်ဝယ်မှာပါကွာ မင်းကိုတောင်ဝယ်လို့ရရင်ဝယ်နိုင်တယ်"

"မုန့်တွေဘဲဝယ်လို့ရတယ်ဗျ ကျွန်တော့်ကိုတော့ဝယ်လို့မရဘူး"

"ဟွန်း.....ကိုယ်ကသဘောပြောပြတာပါ"

"သြော်"

"ဒါနဲ့မင်းအသက်ဘယ်လောက်ရှိပြီလဲချာတိတ် ဒီအချိန်ကြီးတစ်ယောက်ထဲမုန့်တွေရောင်းနေတာမကြောက်ဘူးလား"

"မကြောက်ပါဘူး ကျွန်တော့်အသက်က၁၆တောင်ရှိနေပြီ။မေမေကပြောတယ် နင်ကျောင်းဆက်နေချင်ရင်နင့်စားရိတ်နင်ရှာစားတဲ့ ဒီအချိန်စျေးထရောင်းတာကအကျင့်တောင်ဖြစ်နေပြီကို"

ထိုကလေးရဲ့အသက်ကိုကြားပြီး မျက်လုံးအပြူးသားဖြစ်နေတဲ့သူ့မည်ကရှိုင်းအဂ္ဂ။ပါးပြင်ထက်မှာနေရာယူထားတဲ့ ပါးချိုင့်လေးများ၊ချိုသာစွာပြုံးလေ့ရှိတဲ့အပြုံးတွေနဲ့ ပျော်ပျော်နေတက်တဲ့သူလည်း ကလေးတစ်ယောက်လို့သူထင်ထားတဲ့၁၆နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အသက်ကြားကြားခြင်းမှာတော့ သူလည်းမပြုံးနိုင်တော့ပါ။သေးသွယ်နေတဲ့ ထိုကလေးရဲ့လက်ကလေးတွေကိုသူကိုင်ရင်းဘဲ..........

My Lifeblood(complete)Where stories live. Discover now