Unicode
ရင်းယွဲ့အဆောင်သည်အန်းဟုန်စံအိမ်တော်၏အတွင်းဘက်ကျကျတွင်တည်ရှိလေ၏
စာသင်သားများနေထိုင်ရာရင်းယွဲ့အဆောင်ဟာ
သူနေထိုင်ခဲ့တဲ့နေရာ၏လေးပုံတစ်ပုံသာကျယ်ဝန်းပေမဲ့အရမ်းကြီးလည်းကျဥ်းမနေချေ။အဖြူရောင်အုတ်ချပ်များတွင်ပြာလဲ့လဲ့ရောင်ဝါတစ်ခုလွှမ်းထားလျက်ရှိပြီးရွှိုက်ယန်ကအနှီရောင်ဝါသည်သူ၏ရှစ်စွမ်းဖြစ်လာမည့်ရှစ်ယင်ဆိုသောနတ်ဘုရား၏အကာအကွယ်အစီအရင်ဟုဆိုလေသည်။
အဆောင်တံခါးဝတွင်
ထားရှိသည့်
ရွှေဝါရောင်သန်းပါသော
နှစ်တစ်ထောင်ကမ္ဘာဦးပင်အသေးစားလေးတွေကအမြင်တင့်စဖွယ်ကောင်းသည်ကြောင့်ပိုင်လီကလက်နဲ့ဖွဖွလေးထိလိုက်မိသည်။အထဲရှိပရိဘောဂပစ္စည်းများကားအပိုအလိုမရှိ
ရိုးရိုးရှင်းရှင်းနှင့်နှစ်သက်ဖွယ်ရာငြိမ်းအေးခြင်းနှင့်တိတ်ဆိတ်ခြင်းကြီးစိုးထားသည့်နေရာတွင်ပြာလဲ့လဲ့ရောင်ဝါတစ်ခုကနွေးထွေးမှုအားဖြန့်ကျက်ထားလျက်
''ဒီကိုလာပိုင်လီ.....နာမည်စာရင်းသွင်းခဲ့ပြီမလား''
ပိုင်လီကနာမည်နှင့်လိုက်ဖက်လှသောရင်းယွဲ့အဆောင်ကိုတမေ့တမောငေးနေရာမှသူ့နာမည်ခေါ်သံကြောင့်ရှေ့ပြန်လှည့်လိုက်သည်။
''ရော့....ဒါမင်းအတွက်''
အပြာရောင်တူညီဝတ်စုံတစ်ထည်နဲ့တံဆိပ်တစ်ခုကိုထည့်ထားသည့်ဗန်းတစ်ချပ်အားသူ့အားကမ်းလာသည်မို့ပိုင်လီလှမ်းယူလိုက်သည်။
''နေရာအရင်ချပြီးရင်
ရေချိုးလိုက်....ခနနေမင်းရဲ့ရှစ်စွမ်းရောက်လာလိမ့်မယ်''ပိုင်လီသည်
အဆောင်မှူးဖြစ်သူစူးမင်အားခေါင်းညိတ်ပြလိုက်ပြီးနေရာချသင့်သည့်ပစ္စည်းများအားနေရာချလိုက်တော့သည်။သူ့တွင်ပစ္စည်းဟူ၍များများစားစားတော့သိပ်မပါ
အပြင်ဝတ်စုံသုံးလေးစုံနဲ့သူနေ့စဥ်ယူသွားတတ်သည့်ပစ္စည်းများသာမြန်မြန်ဆန်ဆန်နေရာချပြီးသည့်နောက်ဗန်းထဲကဝတ်စုံကိုယူလိုက်ရင်းရေချိုးဖို့အရင်ပြင်လိုက်သည်။
YOU ARE READING
The Story Of Snowy Sect
Romanceချစ်ရသူ၏အမုန်းကားဤကမ္ဘာပေါ်ဝယ်အနာကျင်ရဆုံးဖြစ်ရသည့်တိုင်သူသည်အနှီခံစားချက်လေးကိုပင်မစွန့်ပစ်နိုင်ခဲ့ နှစ်သက်မြတ်နိုးပါသည့်အကြင်သူသာ သူ့နှလုံးသွေးကိုလိုအပ်ပါသတဲ့ဆို.... သူသည်သေဆုံးသွားချင်ပါ၏ ချစ်ရသူကားအမုန်းများပေးသည့်တိုင် ချစ်ရသူအားချစ်သွားရင်းလျှ...