Part 23 Pran Talk

2.3K 137 73
                                    

"သူက မင်းတို့အိမ်ရဲ့ ချွေးမဖြစ်မဲ့သူလား?"

မကြာသေးခင်အချိန်က ကျွန်တော့်ပါးစပ်က ကိုယ်တိုင် ထုတ်မေးခဲ့သည့် ဒီ‌မေးခွန်းက ကျွန်တော် ခေါင်းထဲမှာ ပဲ့တင်ရိုက်နေသည်။

အံ့ဩစွာပဲ Patက အမှန်ကိုထုတ်ပြောလာသည်။ အဲ့တာကြောင့်ကျွန်တော့်ခေါင်းထဲမှာ မကောင်းသည့်အတွေးများဝင်လာသည်။

ကျွန်တော် အကြိမ်များစွာ ထိုင်ပြီးစဉ်းစားနေခဲ့သည်။Pat ခုလို သူများတွေနဲ့မပတ်သတ်သင့်ဖူးလို့ကျွန်တော် စဉ်းစားမိသည့်အချိန်မှာအံ့‌ဩော ဖွယ်ဖြစ်သည်။

Patက တကယ်တော့ မိန်းကလေးများနှင့်ပတ်သတ်ခဲ့ဖူးသည့်သာမန်ယောကျားလေးတယောက်ဖြစ်ပြီး ကျွန်တော်လည်း ထပ်တူပဲဖြစ်သည်။

ကျွန်တော် တို့တယောက်ကိုယ်တယောက်ဘယ်အချိန်ထဲကစပြီး လိုလားတောင့်တခဲ့ကြသလဲ?

လွယ်ကူသောပတ်သတ်မူတခုကိုပြန်သွားဖို့ဆိုရင်အရမ်းကိုနောက်ကျသွားပြီဖြစ်သည်။

Patအဲ့မိန်းကလေးအတွက်ကားတံခါးဖွင့်ပေးနေသည့်မြင်ကွင်းကကျွန်တော့်စိတ်ထဲတွင် ထပ်တလဲလဲ ပေါ်လာနေသည်။

သူတို့ရဲ့အပြုံးတွေ၊အမူရာတွေ အရလည်း နစ်ယောက်သားလိုက်ဖက်နေသည်မှာငြင်းဖွယ်ရာမရှိ။

မိန်းမနှင့်ယောကျား လိုက်ဖက်မူရှိလျင် နားလည်မူရှိဖို့လည်းလွယ်ကူသည်။ဒါဟာ လောကကြီးရဲ့သဘာဝပဲဖြစ်သည်။

ကျွန်တော်နှင့် Patဟာမချစ်သင့်သောသူတွေမှန်းသိခဲ့ရင်တောင် ကျွန်တော်တို့နစ်ယောက်ပတ်သတ်မူကို ရပ်လိုက်ဖို့  ဘယ်သူ့ကိုမှ ပြောခွင့်မပေးနိုင်ပါ။

အိပ်ယာပေါ်မှ ကျွန်တော့် ဖုန်းကအရင်တုန်မြည်လာသည်မှာ ကံကောင်းသည်။

ကျွန်တော့်ရဲ့စိတ်ထဲမှာအတွေးတွေများနေတာကြောင့် ဖုန်းမကိုင်ခင် ကျွန်တော်သတိလွတ်မသွားစေရန် စိတ်လျှော့လိုက်သည်။

"ဘာကိစ္စလဲ ပြော Wai"

[📞 Hello Sir. မင်းဒီနေ့အိမ်မှာပဲလား]

"အေး ငါအိမ်ပြန်ရောက်နေတယ်။ တခြားဘယ်သွားရဦးမလဲ"

[📞 အေး ကောင်းတယ်၊ ငါ ငါ့အမေကို မင်းတို့အိမ်နားကနေရာတခုကိုလိုက်ပို့စရာရှိတယ်၊ ငါမင်းအိမ်လာခဲ့မယ်၊ မင်းအားလား]

BBS Ohmnanon Mm translation.Où les histoires vivent. Découvrez maintenant