Part22 Pat Talk

1.5K 120 30
                                    

ဆိုးရွားလိုက်တာ!

တကယ့်ကိုဆိုးရွားနိုင်လွန်းသည်။

ကျွန်တော်မိန်းကလေးတယောက်ကို အိမ်ခေါ်လာသည့်အချိန်‌တွင် ကျွန်တော့်ချစ်သူကောင်လေးက ကျွန်တော့်ကိုကြည့်နေခဲ့သည့် မြင်ကွင်းထက်ပိုပြီး ဆိုးရွားတဲ့ကိစ္စရှိသေးလား?

ကျွန်တော့်နှလုံးသားလဲအငိုက်မိသွားပြီး
ဖြုဖျော့နေသည့်မျက်နှာဖြင့်ဆက်ရပ်နေမိသည်။

Pran မြင်သွားခဲ့ပြီ။
ကျွန်တော်တို့နစ်ယောက် ခဏကြာသည်အထိအကြည့်ချင်းဆုံပြီး ကျွန်တော်အိမ်ထဲသို့လမ်းလျှောက်လာခဲ့သည်။

ကျွန်တော် လည်ချောင်းထဲမှာ သူ့ကိုပြောချင်သည့်စကားလုံးတွေဖြင့်ပြည့်နှက်နေသည်။ ပြီးခဲ့သည့်ရက်တွေက ကျွန်တော်Pranကို အာရုံစိုက်ဖို့အချိန်သာရခဲ့ရင် ကိစ္စတွေကခုလောက်ထိရူပ်ထွေးလာမည်မဟုတ်ပါ။

အသက်22နှစ်အရွယ် အမျိူးသားတယောက်ကိုအိမ်က ထိန်းသိမ်းထားမည်ဟုဘယ်သူထင်မှာလဲ?
ကျွန်တော့်အမေက  Paaရဲ့ငယ်သူငယ်ချင်း မိန်းကလေးကို အိမ်ကိုဖိတ်ပြီး နေ့တိုင်းနီးပါးကျွန်တော် နဲ့အတူ အပြင်ထွက်စားဖို့ရုပ်ရှင်ကြည့်ဖို့အမိန့်ပေး‌နေ သည်။

"Nong Punch လာတာနဲ့အတော်ပဲ၊  အမေ အချိုပွဲ လုပ်မလို့၊Thabthim krobလေ သိလား သမီး"

အမေ ၊ တော်တော် ပျော်နေတာလား?
ကျွန်တော့်အမေက အိမ်မှာ အချိန်ပြည့်အလုပ်များသော အိမ်ရှင်မဖြစ်သည် ။ကျွန်တော်တို့အိမ်က ခေတ်မှီသောအိမ် မဟုတ်ပါ။

ကျွန်တော့်အဖေက companyကိုဦးစီးပြီး
ကျွန်တော့်အမေက အိမ်ကိစ္စတွေကိုစီမံသည်။
ဟင်းချက် တာ ၊အချိုပွဲလုပ်တာ၊ တခါတရံ အလုပ်သမားတွေဌား‌သည်။အရာအားလုံးကို  Thaiအိမ်ရှင်မတွေလိုပဲ ရိုးရာမပျက် စီစဉ်ထားသည်။ 

အဲ့‌တာကြောင့်လဲ ခေါက်ထားတဲ့
အကျီ တထည်လို ပိပြားနေသည့် Punchလိုမိန်းကလေးကို အမေ သဘောကျသည်မှာ မဆန်းပါ။

"Punchလဲ အမေနဲ့အတူတူ လုပ်စားဖြစ်တယ်၊ရာသီဉတုပူတဲ့အချိန်တွေဆို အဖေကအရမ်းကြိုက်တာ"

BBS Ohmnanon Mm translation.Where stories live. Discover now