Chapter《36》

Começar do início
                                    

"နောက်ကျ ငါ့အတွက်မဖြေပေးလဲရပြီ.", သူက သူ့ကို တစ်ချက်ကြည့်လိုက်သည်,"ငါတို့အသံတွေကအတော်လေး ကွဲတယ်လေ."

အန်းနင်ပြုံးလိုက်ပြီး သူ့နှာခေါင်းလေးကို ပွတ်လိုက်မိသည်,"အမှန်ပဲ"

ကောင်းပြီလေ မင်းစကားမင်းတည်ဖို့ မျှော်လင့်ပါတယ်!

ပုံမှန်အားဖြင့် သူသည် အတန်းထဲတွင်အတော်လေး အာရုံစိုက်တတ်ပေမယ့် ဒီနေ့မှာတော့ သူ ချင်ဝေ့ဟော်ကို မကြည့်ပဲမနေနိုင်တော့ပေ။ ချင်ဝေ့ဟော် ခေါင်းယိမ်းလိုက်ပြီး လက်တစ်ဖက်နဲ့ မေးကို ထောက်လိုက်တာ၊ ဖတ်စာအုပ်ပေါ်ကို မျက်လုံးရောက်သွားတာတွေကို ကြည့်နေမိခဲ့သည်။ သူ့ရဲ့မျက်နှာအမူအရာကင်းမဲ့နေပေမယ့် တခါတလေမှာ သူ့မျက်တောင်တွေက နုံးခွေသလို ညွှတ်ကျသွားကြရာ အန်းနင်ကို သူအိပ်ပျော်သွားတာလားဟုပင် ထင်မိသွားစေသည်။

မည်သို့ဆိုစေ ချင်ဝေ့ဟော်က ဆရာမ က အဓိကပွိုင့်တွေပြောတဲ့အချိန်မှာ ဘောပင်နဲ့စာကြောင်းအချို့ရေးချနေဆဲပင်။သူ တကယ် နားထောင်နေခဲ့သည်။ ဒါက Semester ဆုံးလုနီးပါးဖြစ်နေပြီမို့ သူ Courseကျမှာ ကြောက်နေတာဖြစ်ပေမည်။

သူ့အတွေးတွေ အလယ်မှာပဲ ချင်ဝေ့ဟော်က တိတ်တဆိတ် စာကြောင်းတစ်ကြောင်းကို ရွတ်လျက် သူ့ဖတ်စာအုပ်ကိုပျင်းရိစွာ လှန်လိုက်သည်ကို မြင်လိုက်ရသည်။ ရုတ်တရက်ဆိုသလို အန်းနင်တစ်ယောက် အကြာကြီးကြည့်မိသွားသည်ဟုခံစားလိုက်ရပြီး အကြည့်လွှဲလိုက်ရ​၏။သူ့ရဲ့ နှုတ်ခမ်းလှုပ်ရှားမှုကိုတောင် ကြည့်မိသွားခဲ့သည်။

ဒါက အရမ်း ထူးဆန်းတာပဲ!!!

ယောက်ျားတစ်ယောက်ရဲ့ နှုတ်ခမ်းက ဘာများစိတ်ဝင်စားစရာကောင်းနေလို့လဲ?!

ဘယ်လောက်ပဲ ဆွဲဆောင်မှုရှိနေပါစေ ဒါက ယောက်ျားတစ်ယောက်ရဲ့ နှုတ်ခမ်းပဲလေ!

အတန်းပြီးသွားသောအခါ ချင်ဝေ့ဟော်က မထွက်သွားသေးပေ​။ သူက ခုံနောက်ကို မှီထားပြီး သူ့ဖုန်းကို ပွတ်နေခဲ့သည်။အန်းနင်က သန့်စင်ခန်းသွားချင်လာ၍ လှည့်ပတ်ကြည့်လိုက်ကာ ညာဘက်ကနေ ထွက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ သူ ထရပ်လိုက်တဲ့အချိန်မှာပဲ ချင်ဝေ့ဟော်က သူ့ကို မေးလာ​၏။

လီမွန်ရောင်လျှပ်စီး || ဘာသာပြန် || 『Completed』Onde histórias criam vida. Descubra agora