တွေးကြည့်လေ ရင်းဝူရွှမ်ရဲ့ အကျင့်စရိုက်၊ သွင်ပြင်လက္ခဏာတွေက သူနဲ့ လုံးဝမတူလေပဲ။ ထို့အပြင် ချန်းရုန်ယန်ရဲ့ အကျင့်စရိုက်ကလည်း တဖြည်းဖြည်း သံသယဝင်စရာကောင်းသလို ခံစားလာရတယ်။

“………………”

ရင်းမင်က သက်သေတောင်းဆိုလာတဲ့အချိန် ဟော်လင်းယွင်ခမျာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့တယ်။ ဒီကိစ္စမှာ သူဘယ်လိုပဲ ငြင်းဆန်နေပါစေ၊ ရင်းမင်က သူ့ရဲ့စကားတွေကို လုံးဝယုံကြည်တော့မှာ မဟုတ်ဘူး။ ထို့အပြင် သူ့ရဲ့ရင်ထဲက သံသယလည်း ပိုမိုကြီးထွားလာစေလိမ့်မယ်။ စကားများများပြောလေ၊ အမှားပါလေ မဟုတ်လား။ ဒါပေမဲ့ သူဘာမှမပြောပြန်ရင်လည်း ‘ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းပင်’ ဆိုတဲ့စကားအတိုင်း ဖြစ်သွားလိမ့်မယ်။

အခုအချိန်မှာ ဘာလုပ်လုပ် မှားယွင်းနေလေပြီ။ သူ့ရဲ့ တရားမဝင်ကလေးကိစ္စသာ ကောလဟာလအနေနဲ့ ပျံ့နှံ့သွားခဲ့ရင် ဘယ်လိုမှ ဖြေရှင်းလို့ရတော့မှာ မဟုတ်ဘူး။

“ရင်းဝူရွှမ်က ဟော်လင်းယွင်ရဲ့သားဖြစ်ကြောင်း ကျွန်တော်သက်သေပြနိုင်တယ်..!”

ရွှယ်ယို့ရှန်းက အချိန်ကိုက် ထပြောလိုက်တယ်။

ရင်းမင်နဲ့ ဟော်လင်းယွင်ကို ပညာပေးချင်တဲ့အပြင် ရင်းဆုယဲ့အစား လက်စားချေချင်သေးတာကြောင့် ‘ပို့မယ့်ပို့ ကူးတို့ရောက်အောင် ပို့ရတော့မှာပေါ့’။

“သက်သေဘယ်မှာလဲ..?”

ဟော်လင်းယွင်နဲ့ ရွှယ်ယို့ရှန်းတို့ရဲ့ စကားစစ်ပွဲအကြား ရင်းမင်တစ်ယောက် ရွှယ်ယို့ရှန်းရဲ့ စကားတွေကို စတင်ယုံကြည်လာခဲ့တော့တယ်။

“ရင်းဝူရွှမ်က ခင်ဗျားရဲ့သွေးသားအရင်းမဟုတ်ကြောင်း သက်သေမပြခင် ကျွန်တော့်မှာ ပြောစရာတစ်ခု ရှိသေးတယ်..!”

ဟော်လင်းယွင်ရဲ့ ‘တစ်ဖက်လူကို ဖိအားပေးအနိုင်ကျင့်တတ်တဲ့စရိုက်’ နဲ့ယှဉ်ရင် ရွှယ်ယို့ရှန်းက ရင်းမင်အပေါ် အကောင်းမြင်စိတ် နည်းနည်းရှိသေးတယ်။ ထို့ကြောင့် ရင်းမင်ကို ဦးနှောက်အလုပ်ပေးရန် ဆုံးဖြတ်လိုက်တယ်။

ဝိဉာဉ်ကူးပြောင်းခဲ့ပြီးနောက် သောက်တလွဲတွေဖြစ်ကုန်ပြီ!Nơi câu chuyện tồn tại. Hãy khám phá bây giờ