တချို့အချိန်တွေမှာ လိမ်ညာတဲ့စကားဟာ အရာရောက်တယ်တဲ့..

•••••

LAST NIGHT TB

Renjun ကိုထိုနေရာမှခေါ်လာပြီးတော့ XiaoZhan သူ့သူငယ်ချင်းဖြစ်သူ ဒေါက်တာကျိုးချန်ဆီသို့သွားခဲ့သည် ။

ဟိုရောက်မှ Renjun တစ်ယောက် ဓားဒဏ်ရာရှိမှန်း ခေါင်းကွဲထားမှန်းသိရလေသည် ။

"XioaZhan ရေ နောက်ကျလို့တော့မင်းညီအသေပဲ"

"ကျေးဇူးပါကွာ"

"Renjun ကလဲလေ နဲနဲပါးပါးပြန်တီးလာပါလား အရင်က Huang Renjun ဘယ်ရောက်နေတာလဲမသိဘူး"

"အဲ့တာတွေထားစမ်းပါ အခုသက်သာမှာပါနော်"

"ဪ..အခုကုအခုသက်သာရအောင် ငါကနတ်ဆေးဆရာမှမဟုတ်တာကွ! ၂ , ၃ ရက်တော့နားရမှာပေါ့"

"အေးပါ အဲ့လိုဆိုလဲပြီးရော"

ဒေါက်တာကျိုးချန်ဆီကပြန်ခဲ့တာနဲ့ Renjun အား XiaoZhan သူဝယ်ထားသောတိုက်ခန်းသို့သာခေါ်ခဲ့လိုက်သည် ။

"Ren de ဒီမှာ ၂ ရက်လောက်လောလောဆယ်နေအုံး ပြီးမှအိမ်ပြန်လာပေါ့"

"ဟုတ်ကဲ့ ကိုကြီး ကျေးဇူးတင်ပါတယ်"

"ကျေးဇူးတင်မနေနဲ့! ပါပါးသိရင်မင်းပဲသေလိမ့်မယ် သူ့လက်စ ကပျော့သေးတာမဟုတ်ဘူး"

"သိပါတယ် ကျွန်တော်ကလဲအသုံးမှမကျတာလေ"

"စိတ်ထဲမထားစမ်းပါနဲ့ကွာ! ငါကြည့်ကျက်လိမ်ပေးထားတယ် ပါပါးမေးရင် ရီရှင်းတို့အိမ်မှာရောက်နေတယ်ပဲပြောနော်!"

"ပါးလားကျွန်တော့်ကိုစိတ်ဝင်စားမှာ သူကစည်းပွားရေးရယ် သူ့လူတွေရယ် ကိုကြီးရယ်.."

"တော်တော့!"

မှန်နေသော်လည်း ခါးသက်တဲ့အဓိပ္ပာယ်ဖြစ်သွားတာကြောင့် XiaoZhan , Renjun ရဲ့စကားတွေကိုပိတ်ပင်လိုက်သည် ။

"တောင်းပန်ပါတယ် ကျွန်တော်မရည်ရွယ်ပါဘူး"

"နားလိုက်တော့! မနက်ဖြန်ဆို ကျောင်းပြန်တက်ရမယ် ren de"

"ဟုတ်ကဲ့..မဟုတ်လဲတက်ချင်နေတာ တစ်ယောက်သောသူကိုတော်တော်သတိရနေပြီ"

Billet - Doux [ RenMark ]Where stories live. Discover now