Part 1

30.4K 2.3K 322
                                    

Unicode

အစည်းအဝေးခန်းထဲက ထွက်လာလာချင်း Voice message ဝင်လာတော့ မစ္စတာဂျွန် ဖွင့်နားထောင်လိုက်သည်။

"ဥက္ကဌကြီး ခင်ဗျား .. ကျွန်တော် အခု လေဆိပ်ရောက်ပါပြီ .. ခဏနေရင် လေယာဉ်ထွက်ပါတော့မယ် .. ဥက္ကဌကြီးအတွက် တစ်ပတ်စာ Schedule ဆွဲပေးခဲ့ပါတယ် ခင်ဗျာ .. လိုအပ်တာရှိရင်လဲ ကျွန်တော့်ဆီက်ို ဘယ်အချိန်ပဲဖြစ်ဖြစ် ဆက်သွယ်လို့ရပါတယ် .. လေယာဉ်စီးနေချိန်ကလွဲပြီး ကျွန်တော့်ဖုန်းကို အမြဲဖွင့်ထားပါတယ် ခင်ဗျာ"

ထွက်လာတဲ့ အသံဩရှရှကို နားထောင်ရင်း မစ္စတာဂျွန် တစ်ယောက်တည်း သဘောတကျပြုံးမိသည်။

အတွင်းရေးမှုး ကင်မ် ..။

ဒီလူငယ်ဟာ မစ္စတာဂျွန်ဆီမှာ အတွင်းရေးမှုး လုပ်ခဲ့တာ ၆ နှစ်ကျော်ပြီ ဖြစ်သည်။ အရမ်းတော်ပြီး အလုပ်လဲ အရမ်းကြိုးစားသည်။ တကယ့်ကို ထက်မြက်ပြီး အလိုက်သိသော အတွင်းရေးမှုးဆိုလဲ မမှား။

Jeon လုပ်ငန်းစုကြီးသည် နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်ရုံမကပဲ နာမည်ကြီး ဒိတ်ဒိတ်ကြဲ လုပ်ငန်းစုများကြားတွင် နေရာတစ်ခုရလာသည်မှာ ဒီလူငယ်ရဲ့စေ့စပ်သေချာမှု အရည်အချင်းရှိမှု ကြိုးစားအားထုတ်မှု စသည်တို့က ရာခိုင်နှုန်း အများဆုံးပါဝင်နေသည်။

အလုပ်လုပ်ရာတွင်သာမကပဲ သူ့ရဲ့ ကိုယ်ပိုင်ဟန်ကိုက တည်ကြည်သည် ယဉ်ကျေးသည် စကားနည်းပြီး အေးဆေးနေတတ်သူ ဖြစ်သည်။ လူငယ်ဆိုပေမယ့် ဟော့ဟော့ရမ်းရမ်း နေထိုင်တာမျိုးလဲမရှိ။

ရုပ်ရည်ရူပကာကလည်း ပြောစရာမလို။ ယောကျာ်းတစ်ယောက်လိုလဲ ခန့်ညားပြီး မိန်းကလေးတစ်ယောက်လိုလဲ လှပသည်။ ဒီလူငယ်ဟာ ဘာတွေများ ဆုတောင်းကောင်းခဲ့သလဲ မသိ။

အရယ်အပြုံးနည်းပြီး ခပ်တည်တည်နေတတ်ပေမယ့် မြင်သူတိုင်းချစ်ခင်ရသော ရုပ်ရည်မျိုးဖြစ်သည်။

နေပုံထိုင်ပုံကလည်း ပိရိသေသပ်လွန်းသည်။ သူ့ရဲ့နောက်ခံမိသားစုအခြေအနေက နွမ်းပါးပေမယ့် သပ်သပ်ရပ်ရပ်ဝတ်စားတတ်သည်။

ရုံးကို Bus Car ဖြင့်သာ လာသည်။ ကားကို အရစ်ကျ ဝယ်ပေးဖို့ ကုမ္ပဏီဘက်က ကမ်းလှမ်းခဲ့သော်လည်း ယဉ်ယဉ်ကျေးကျေးပဲ ငြင်းရှာသည်။

Created By JWhere stories live. Discover now