"အာ ဒီတခေါက် အဲ့လို မဟုတ်ဘူး ငါလေ.."

"အား....ခေါင်းတွေ ကိုက်တာ ရုတ်တရက်ကြီး ကိုက်လာတာ"

ရုတ်တရကိ ကုတင် ပေါ ပြန်လှဲ ချလိုက်တဲ့ chanyeol ကို sehun အတင်း ပြန်ဆွဲထူ လိုက်ပြီး

"ငါလေ ရင်တွေ အရမ်းခုန်နေလွန်းလို့ပါ မင်းကို မှ ပြောမပြရင် ငါ့ကိုငါ တိုင်နဲ့ခေါင်းနဲ့ပြေးဆောင့်မိမယ်ထင်လို့"

"ပြေးတော့ မဆောင့်လိုက်ပါနဲ့ကွာ နားနားထောင်ပေးပါ့မယ့်"

Chanyeol စိတ်ပျက်စွာနဲ့ နံရံကိုမှီလိုက်ပြီး oh sehun ပြောမယ့် ဒဿန တွေနားထောင်ဖို့ လေပူတချက်မှုတ်ထုတ်လိုက်တယိ

"မနေ့က fan sign ပွဲ ရှိတယ်ဆိုတာ မင်းကိုပြောတယ်မလား"

"အေးလေ နှစ်နာရီကျော်ကျော် မင်း ငါ့ကို နားဒုက္ခပေးသွားတာ"

Sehun မျက်နှာချို သွေးကာ စပ်ဖြဲဖြဲ လုပ်လိုက်ပြီး

"မင်းကလည်း"

"ပြောတော့"

"ဒီနေ့သွားတော့ အားပါးပါး များလိုက်တဲ့ လူတွေ ကွာ ငါမှာ သူမျက်နှာလေးများ မြင်ရပါ့မလားလို့ ရင်တထိတ်ထိတ်နဲ့ ရှေ့က ကောင်မလေးတွေကလည်း အော် နောက်က ကောင်မလေးတွေ ကလည်း အော် နဲ့ ငါ့မှာ နားများ ကွဲ ပြီလားလို့"

"လိုရင်းကိုပြောဆို oh sehun ရယ်"

"အေးပါကွာ မင်းကလညိး ငါ့ အစွမ်းအစ လေးကို intro လေးတော့ ဝင်ပါရစေကွာ"

"တဖြည်းဖြည်း မင်းရုပ်က ကြော်ငြာရုပ် ပေါက်လာပြီ ပြော မြန်မြန်"

"သူလဲ လာရော ငါလေ သေပြီလို့တောင် ထင်တယ် တိုးလိုက်ကြ ခွေ့လိုက်ကြတာ ငါ့ ကြယ်သီးတွေ ကျွတ်ကုန်တာ ငါတောင် မသိလိုက်ဘူး ဟီး"

"အဲ့တော့ "

"စကားပြောတဲ့ ပုံလေး ရယ် တဲ့ ပုံလေးတွေက မင်းကွာ အရမ်းမိုက်တယ် fan တွေကို လည်း အရမ်း ချစ်တယ် မင်းကွာ"

"အင်း ပြောတော့"

"အဲတာနဲ့လေ sign ထိုးပေးတော့ တန်းစီတာ ငါ့ အလှည့်ကို မရောက်နိုင်တော့ဘူး "

My answer is "YOU"Where stories live. Discover now