ဇာတ်သိမ်း

Start from the beginning
                                    

လူကောင်းတွေနဲ့သာ ဆုံစည်းရင်း အကောင်းမြင်စိတ်လေးနဲ့ ကိုယ့်ကိုယ်ချစ်တတ်အောင်သင်ယူနေတဲ့ မူယာပိုဆိုတဲ့ ကိုယ့်ကိုတစ်ချိန်ကျ ဖေဖေကနေ

"အတိတ်က အကြောင်း​တွေကို​ ပြန်တွေးမိရင် ဖေဖေတို့ကိုမုန်း​သေးလား ''

လို့မေးလာခဲ့ရင် စိတ်ထဲကနေနှစ်နှစ်ခြိုက်ခြိုက်ပြုံးပြရင်း

"မုန်းခဲ့ပါတယ် ဖေဖေရယ်...''

လို့သာ အမုန်းတွေမပါဘဲ ရယ်မောရင်းပြောမိမှာပါ။ လူတိုင်းက အမှားမကင်း​ကြပါဘူး။ မှားတယ်မှန်တယ်ဆိုတာ ကြည့်တဲ့သူအပေါ်မူတည်သလို ကိုယ်ကကိုယ့်ဘက်ကိုသာကြည့်ပြီးတွေးမယ်ဆို ကိုယ်ပဲနစ်နာသူဖြစ်နေမှာပေါ့။

အနာတစ်ခုကိုဆေးမထည့်ဘဲ ဆွနေသမျှတော့ အနာရင်းပြီး ဘေးတွေ့ရမှာပေါ့​လေ။ အဲ့အစားခွင့်လွှတ်လိုက်ပါ။

ကိုယ့်အပေါ် အမှားလုပ်ခဲ့တဲ့သူတိုင်းကို အကြီးမားဆုံးသောအပြစ်ပေးခြင်းက ခွင့်လွှတ်ခြင်းလို့ခေါ်​ကြတယ်။

ကိုယ်သာမယူခဲ့ရင် သူလည်းပေးလို့မရပါဘူး။ ကိုယ့်ကိုပေးတဲ့နာကျင်မှုကို သူပဲပြန်ယူရမှာကြောင့် ကိုယ်ခွင့်လွှတ်လိုက်တောင် တနေ့လောကကြီးက သူလုပ်သမျှကိုဒဏ်ပြန်ခတ်ပါလိမ့်မယ်။

"မိတ်ဆွေ...လူတစ်ယောက် ဒါမှမဟုတ် လူအများကြီးကို မုန်းရတာသိပ်ကိုလွယ်ပါတယ်''

"...''

"ဒါပေမဲ့ ခွင့်လွှတ်နိုင်ဖို့ကတော့ သိပ်ကိုခက်တာပေါ့...''

"...''

"တကယ်လို့ မူယာ့ဘဝအကြောင်းလေးကိုသာ ဖတ်​ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ကိုယ်ကိုချစ်တတ်အောင်သင်ယူပါနော်...''

"...''

"ကိုယ့်ဘဝမှာ သူများကိုချစ်တာ မုန်းတာနဲ့တင် အချိန်မကုန်လိုက်ပါနဲ့ ''

ဒီဇာတ်လမ်းလေးကို ပြောပြနေတဲ့မူယာကလည်း တချိန်ကလူတိုင်းကို လိုက်မုန်းနေခဲ့တဲ့သူတ​ယောက်ပါ။ သိပ်ကိုမုန်းခဲ့တာပေါ့လေ။
ဒါပေမဲ့ ဒီအဖြစ်အပျက်လေးကို မိတ်ဆွေကြားသိရတဲ့အချိန်မှာတော့

မုန်းခဲ့ပါတယ် ဖေဖေရယ်(Completed )Where stories live. Discover now