"ထိုကောင်လေးနှင့်တွေ့ရသည်မှာ ၃ကြိမ်မြောက်"(u+z)

Start from the beginning
                                    

မနေ့ကbarတွင် အလုပ်လုပ်သော waiterကောင်လေးကိုထပ်မံတွေ့လိုက်ရသည်။ ဦးထုပ်ကို နှာခေါင်းနားထိ ငိုက်ဆောင်းထားတာကြောင့် တစ်ခြားသူသာဆို မမှတ်မိနိုင်လောက်ပင်မယ့် သူကတော့ထူးဆန်းစွာပင်မှတ်မိနေခဲ့သည်။

"ဝမ် ၁၅၅၀၀ကျပါတယ်"

၁သောင်းတန်၂ရွက်ထုတ်ပေးလိုက်ပြီး ရုတ်တရက်ကောင်လေးကိုသနားမိသည်။ ညဘက်ဆို barမှာလုပ်ပြီး ညနေဘက်ဆို ဒီလို super market ငွေရှင်းကောင်တာထိုင်ရသည့် ကောင်လေးဖြစ်လောက်မည်။ မိဘတွေမရှိဘူးထင်ပါတယ် အလုပ်ကိုကြိုးစားလုပ်နေရတာ အဲ့တာကြောင့် အစာလည်းကောင်းကောင်းမစားနိုင်ဘူးလို့ ထင်မိတယ်။

ဘာလို့ဆို ကောင်လေးရဲ့မျက်နှာသည် မီးရောင်အောင်တွင် ပိုလိုတောင်ဖြူဆွတ်နေခဲ့သည်။ ကျန်းမာရေးများချုချာတာလား ?

"အကြွေ၅၀၀ပါ ဝယ်ယူပေးလို့ကျေးဇူးတင်ပါတယ်"

ပစ္စည်းတွေကိုအိတ်နဲ့ထည့်ပေးပြီး အကြွေကိုပါအိတ်ထဲထည့်ကာ ကမ်းပေးလာသော ကောင်လေးရဲ့ လက်ကိုကြည့်မိတော့ ကျစ် ပိန်ကပ်ပြီးဖြူဖွေးနေပြန်ပြီ ဒီကလေးကတကယ်ကိုပဲ အစားကောင်းကောင်းမစားတာလား။

"Customer ဘာများလိုအပ်သေးလို့လဲဗျ"

အခုထိ ထိုကလေးကမ်းပေးထားသော အိတ်ကိုမယူသေးသည့် သူ့ကြောင့် အမေးအမြန်းပြုလာသည် ကလေး သူလည်း အတွေးတွေကို ဖျောက်လိုက်သည်။ ဒီကလေးသည် သူစိမ်းတစ်ယောက် သူနဲ့ဘာမှမဆိုင်ဘူး။ ဟုတ်တယ် မဆိုင်ဘူး။ အိတ်ကိုဆွဲယူလိုက်ပြီး ထိုကလေးကို ကျောပေးပြီး ထွက်လာခဲ့လိုက်သည်။

တိုက်ခန်းကိုပြန်ရောက်ပြီး မကြာ ရေချိုးလိုက်ပြီး ညကျရင်အဆင်သင့်ဖြစ်အောင် အသားတွေကိုလှီးထားလိုက်သည်။ ဝရံတာတွင် အကင်စက်ကိုထုတ်ပြီး ပြင်ထားလိုက်ပြီး စားပွဲခုံပေါ်တွင် အစာအစားများလည်း စီစီရီရီထားလိုက်သည်။

ဘာလိုလိုနဲ့ အချိန်မှာ ညနေ၅နာရီခွဲပင်ဖြစ်ပြီ ဒီအချိန်ဆို ရောက်ချိန်တန်နေပြီကို စောစောလွှတ်ပေးမယ်လည်း ပြောသေး အခုထိမရောက်သေးသောသူမကြောင့် သူ့မှာခြေဂနာမငြိမ်တော့ တိုက်ခန်းတံခါးရှေ့တွင် ဟိုဘက်လျှောက် ဒီဘက်လျှောက်လုပ်နေချိန်မှာပဲ

"ဖောက်ပြန်ခြင်း" "ဖောက်ပြန်ခြင်း" Part-1//completed//Where stories live. Discover now