Part 18 Pat Talk

2.3K 132 24
                                    

ကျွန်တော်ချစ်ရတဲ့သူနဲ့ ကျွန်တော့်ရဲ့  relationshipကို ပိုပြီး တိုးတတ်လာအောင် လုပ်တာထက် ကောင်းတဲ့အရာရှိသေးလား?။

ကျွန်တော့်ကိုကြည့်၊ ကျွန်တော်အရမ်းပျော်နေတယ်၊ ကျွန်တော့်ကိုကြည့်ပါ။

ကျွန်တော် တနေကုန်အိပ်ပျော်နေသည့်Pranကို လှဲ‌နေရင်းကြည့်နေမိသည်။ Pranက အိပ်ယာမှ ထမည့်ပုံ မပေါ်။ကျွန်တော့်လက်ဖြင့် Pran‌နှာခေါင်းကိုထိပြီး အိပ်ပျော်နေတာဟုတ်ရဲ့လား ၊သေသွားပြီလားနှင့်စမ်းကြည့်နေရသည်။

ကျွန်တော်တို့ နစ်ယောက် သိလာခဲ့သည့်အချိန်ထည်းက ခုလောက်ထိ နီးကပ်ဖို့အခွင့်ရေးမရ ခဲ့တာကြောင့်ဖြစ်သည်။Pranရဲ့ နေ့စဉ် အလုပ်တွေကထူးဆန်းသည်။ သူ မအိပ်နိုင်သည်အထိ အလုပ်လုပ်သည်။အခုကျတော့ နောက် ဘယ်တော့မှ ထပ် မအိပ်ရတော့သလိုမျိူး အိပ်ပျော်နေပြန်သည်။

ဘာမှမစားရသေးတဲ့ ကျွန်တော့်အစာအိမ်က အသံဖြင့်သတိပေးနေသည်။Pranကိုညတိုင်း ကြည့်ရူ‌‌ နေရတာမို့ ကျွန်တော် အိပ်ရေးမဝပဲ ပင်ပန်းနေသော် လည်း ဗိုက်ဆာခြင်းကိုတော့သည်းမခံနိုင်။

ကျွန်တော်Pran ကို ကျွန်တော့်လက်မောင်းတွေကြားထဲထည့်ပြီးဖက်ထားလိုက်သည်။

တကယ်တော့ ကျွန်တော်လည်း သူ့ဘေးမှာ အိပ်မလို့ပဲဖြစ်သည်။

ဒါပေမဲ့ အခန်းပိုင်ရှင်လေးက သူ့ဘဝမှာ ဘယ်ယောကျားလေးမှ မ‌တွေ့ ထိခဲ့ဖူးတဲ့ သူ့ရဲ့ ခန္ဓာကိုယ်အစိတ်ပိုင်းကို ကျွန်တော် တွေ့ထိခဲ့တာကြောင့်  ရှက်နေသည်။ အဲ့တာကြောင့်  သူ့ရဲ့ဖက်လုံးဖြင့် စည်းခြားထားပြီး ကျွန်တော်ကို တညတိတိ စည်းကျော်လာခွင့် ပိတ်ပင်ထားသည်။

Pran မင်းဘယ်အချိန်ကစပြီးဒီလောက် တွန့်တိုတတ်သွားရတာလဲ။

ဟုတ်ပါတယ်၊ ကျွန်တော်တို့ရဲ့ မျက်နာအမူရာကို ထိန်းမထားနိုင်သည့်အတွက် ရှက်နေရုံကလွဲလို့ဘာတတ်နိုင်မှာလဲ။

အမှန်တိုင်းပြောရရင် ကျွန်တော်လည်း ရှက်သည်။ ဒါပေမဲ့ ကျွန်တော်ကြိုက်သည်။

ကျွန်တော် အိပ်ပျော်နေသည့် Pranရဲ့ ပုခုံးကိုနမ်းလိုက်သည်။ Pranက ခပ်ပွပွ basketball ဝတ်စုံကိုဝတ်ထားတာ‌ကြောင့် Pranရဲ့  ဖြူဖွေးနေသည့် ပုခုံးသားတွေက ပေါ်နေသည်။

BBS Ohmnanon Mm translation.Donde viven las historias. Descúbrelo ahora