လုံးချင်းလောကမှာ သာလွန်အောင်မြင်တယ်။
ဆယ်စုနှစ်ကြာအောင်မြင်နေတယ်။
အပန်းဖြေအိမ်ယာဆိုလဲ သာလွန် ဝါသနာပါလို့ဆောက်တယ်....အောင်မြင်တယ်။

တန်ဖိုးသင့်အိမ်ယာဆိုတာကတော့ လူလတ်တန်းစားတွေအတွက် ရည်ရွယ်တာ။
သာလွန်တို့လို ချမ်းသာတဲ့လူတွေလဲ ချမ်းသာတဲ့အလျောက် အိမ်တွေရွေးချယ်နေထိုင်ကြသလို သင့်တင့်တဲ့စီးပွားရေးရှိတဲ့သူတွေလဲ သင့်တင့်တဲ့နေထိုင်မှုမျိုး ရှိစေချင်တယ်။
ရန်ကုန်က မြန်မာပြည်တစ်ပြည်လုံးက ရွှေ့ပြောင်းလုပ်သားတွေ အခြေချရာ နေရာဖြစ်တယ်။
ကျောတခင်းစာနေရာအတွက် ငွေကြေးအကုန်အကျများလွန်းတဲ့နေရာလဲ ဖြစ်တယ်။
သာမာန် လူလတ်တန်းစားတွေဟာ အိမ်ငှားနေကြရတဲ့အတွက် အိမ်ပိုင်ဖြစ်ဖို့ကို အလှမ်းဝေးလှတယ်။
ဒါကြောင့် လူလတ်တန်းစားတွေအတွက် သင့်တင့်တဲ့စျေးနှုန်းနဲ့ တန်ဖိုးသင့်အိမ်ယာ ဆောက်ပေးဖို့ သာလွန်စိတ်ကူးခဲ့တာကြာပြီ။
ဒီ စီမံကိန်းပြီးရင်တော့ သာလွန် ကမ္ဘာအနှံ့ခရီးထွက်ပြီး နားအုံးမယ်လို့လဲ စိတ်ကူးတယ်။

လောလောဆယ် သာလွန် အိမ်ယာဆောက်ဖို့ မြေနေရာအတွက်အကြီးအကျယ်ခေါင်းကိုက်နေရတယ်။

ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုန်းမြို့တွေကို သာလွန်ကဦးစားပေးစဥွးစားတယ်။ဘာကြောင့်ဆို မြေနေရာကျယ်ကျယ်လဲ ရနိုင်ပြီးတော့ ရွှေ့ပြောင်းလုပ်သားလဲ များတဲ့နေရာတွေက မြို့စွန်ပဲလေ။

ရွှေပြည်သာ
လှိုင်သာယာ
တောင်ဒဂုံ.....

ဒီမြို့နယ်တွေဟာ စက်မှုဇုံတွေရှိပြီး လူနေထူထပ်တယ်။
မြေနေရာအတွက်ဆိုရင်တော့ ကျယ်ကျယ်ရနိုင်ပေမဲ့ မြေစျေးက ကြီးနေတယ်။
အဆိုးဆုံးကတော့ အိမ်ယာစီမံကိန်းရယ်လို့ ဘယ်ကသတင်းအစအနရတယ် မသိပါဘူး။
ရောင်းမဲ့လူတွေက စျေးတွေချက်ချင်း အော် ပစ်တော့တယ်။
လူတွေလဲ တော်တော်ခက်တာပါပဲ။
ဒီကြားထဲမြေပွဲစားတွေကလဲ ခြေခြင်းလိမ်ကုန်တော့တာပါပဲ။

အမှန်အတိုင်းပြောရရင် ရန်ကုန်မြို့ရဲ့ ဘယ်နေရာမဆို သာလွန် လိုချင်ရင် ရအောင်လုပ်လို့ရနေပါတယ်။
ဒါပေမဲ့ ဒီလို ဆင်ခြေဖုန်းမြို့စွန်တွေကိုတော့ သာလွန် တစ်ခါမှ ​မြေမဝယ်ဖူးဘူး။ စိတ်ကူးရှိပေမဲ့ လ​က်ကမရောက်တာကြောင့်ပါ။ Royal villa ကလဲရန်ကုန်မြို့စွန်မှာပဲဆောက်တာဖြစ်ပေမဲ့ မြေနေရာကအသင့်ရှိပြီးသားကို ဆောက်တာ။ ဒီနေရာတွေကို သာလွန့်အဖေကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပိုင်ဆိုင်ခဲ့တာ။
အခုက မြေအရင်ဝယ်ဖို့ကြိုးစားရမယ်။

မေတ္တာမိုး သွန်းဖြိုးလို့ရွာWhere stories live. Discover now