Part 17 Pran Talk

2.5K 146 31
                                    

အရင်အပတ်က  သူနဲ့အတူတူအိပ်ဖို့ပဲ အော်ဟစ်ပြောဆိုနေတဲ့ အရုပ်ကြိုက်တဲ့ကောင်လက်ထဲမှာ ကျွန်တော်သောင်တင်နေခဲ့သည်။

ကျွန်တော်Patကို ကျွန်တော့်ရဲ့အလုပ်တွေမပြီးမချင်း မရဖူးဟုwarning ပေးထားသည်။

ကျွန်တော့်ရဲ့ အလုပ်တွေကို အာရုံမစိုက်ရပဲ
ခေါင်းကိုက်အောင်လုပ်နေသည့် သူကိုသာ attentionပေးနေရသည်။Patက နေမကောင်းသေးပဲအဖျားရှ်ိနေတဲ့ပုံဖြစ်နေတာကြောင့် ကျွန်တော့် အလုပ်တွေ ခရုလမ်းလျှောက် တာထက် အနည်းငယ်သာပိုမြန်တော့သည် ။

ဒါပေမဲ့အခုတော့Pat မြေပြင်ပေါ် အော်ငိုနေရင်တောင် ကျွန်တော်သူ့ကိုလှည့်ကြည့်ဖို့အချိန်မရှိတော့။

ကျွန်တော် ရဲ့ အချိန်ဇယားတွေနှင့် အပြည့်ဖြစ်နေသည့် ပြကဒိန်ကိုကြည့်လိုက်သည်။ အနီရောင် ဝိုင်းထားသည့် နေ့ရက်က ကျွန်တော့်အလုပ်တွေ အပြီး တင်ရမည့်နေ့ဖြစ်သည်။ ကျွန်တော်သက်ပြင်းချလိုက်သည်။

12ရက်သာလိုတော့သည်။
ကျွန်တော် နောက်ဆုံးရေချိုးခဲ့သည့်ရက်ကိုတောင်မမှတ်မိတော့။ ကျွန်တော်က အလွန်အသန့်ကြိုက်သည့်သူဖြစ်ရင်တောင် ပြီးပြီးသားအလုပ်တွေထက် မပြီးသေးတဲ့အလုပ်တွေကိုသာ အာရုံ‌စိုက်နေမိသည်။  ကျွန်တော် computerကိုကြည့်လိုက်တော့Modelတွေ အကုန် completeဖြစ်နေပြီဖြစ်သည် ။

ကျွန်တော် စာအုပ်အတွက် ရေးစရာအချို့သာကျန်တော့သည်။ Oh! Presentationလည်းလုပ်ရဦးမှာပဲ။

ကျွန်တော်အလုပ်ဘယ်လောက်များများကိစ္စမရှိပါ။ ဒါပေမဲ့ ကျွန်တော်Patကိုတောင် လှည့်မကြည့်နိုင်သည်အထိ အလုပ်များနေခဲ့သည်။
ကျွန်တော် မနက်နိုနိုးခြင်း ရေချိုးခန်းသို့သွားလျှင် သည်းမခံနိုင်လောက်သောနာကြင်မူအလုပ်ဒဏ်ကြောင့် ရပ်စောင့်နေရသည်။

Roarrr (ဖုန်းမြည်သံ)

ကျွန်တော် computer screenမှ ဖုန်းသို့ကြည့်လိုက်တော့ Waiဖုန်းခေါ်နေတာကိုတွေ့ရသည်။

ကျွန်တော် ဖုန်းဖြေဖို့ခလုပ်နှိပ်ပြီး computerကိုပြန်ကြည့်လိုက်သည်။

"Hey ကောင်"

📞[မင်းအိပ်ပြီးပြီလားPran]

"မအိပ်ရသေးဖူး၊ ဒီညငါsectionတွေ အကုန်ဖျက်ရမှာ ၊မဟုတ်ရင် အချိန်မမှီတော့ဖူး"

BBS Ohmnanon Mm translation.Tahanan ng mga kuwento. Tumuklas ngayon