❤️TLKOTV-31❤️

Start from the beginning
                                    

-ကိုယ်အလုပ်ရှုပ်နေလို့ဒါပဲနော်Baby ခြောက်နာရီလောက်
ကျရင် Diကိုလာကြိုဖို့ လွှတ်လိုက်မယ်-

-ဟင်ကိုကိုကရော-

seenမပြတော့သော ကိုကို့ကြောင့် စိတ်ထဲဝမ်းနည်းစိတ်သည် လွန်စွာကြီးထွားလာ၏။အရင်လိုများ မချစ်တော့၍ ယခုလိုမျိုး ဂရုမစိုက်တော့သည်
လား။အမှန်တကယ်ပဲ အလုပ်ရှုပ်နေ၍သာ ဂရုမစိုက်သလို
ဖြစ်နေတာများလား။အတွေးမျိုးစုံတွေးပြီး ရင်ထဲရှိတင်းကြပ်
မှုကို ဖြေဖျောက်နေတော့သည်။တွေးနေတာအားရပ်ပြီး လူနာ
တွေကိုသာ ကြည့်ရန် ထွက်လာခဲ့တော့သည်။ဘယ်လိုဖြစ်ဖြစ်
ကိုကို့ကို အကြွင်းမဲ့ယုံကြည်ပါသည်။

"ငါ့ကိုလွှတ် အား!! ငါ့ရဲ့ရွှေငွေရတနာတွေ ငါ့ကိုလွှတ် ထွက်
သွားကြ အားလုံးထွက်သွား"

လူနာကုတင်ပေါ်တွင် မေးရိုးများထောင်ပြီး ခွဲစိတ်ခန်းသုံး ဓားအသေးဖြင့် ‌လေပေါ်ကို ဝှေ့ရမ်းကာ Nurseများအား လွှတ်ပေးရန် ခြိမ်းခြောက်နေသည်။အနား
ကပ်သွားလျှင် ထိုဓားဖြင့် ထိုးမည့်ပုံ ပေါက်နေ၏။ထိုလူသည်
Psychoဖောက်နေသော လူနာဖြစ်ဟန်တူသည်။

"ဘာဖြစ်နေကြတာလဲ!!"

Vaselလေး ဆူဆူညံညံအသံများကြားရသော လူနာအခန်း
အား အလောတကြီး ဖွင့်ပြီး ဝင်သွားလိုက်သည်။လက်ထဲတွင်
ခွဲစိတ်ခန်းသုံးဓားကို ကိုင်ထားပြီး သောင်းကျန်းနေသော လူနာ
သည် အိပ်ဆေးထိုးမှသာ ငြိမ်မည့်ပုံပေါ်၏။

Vaselလေး လူနာနားနားအား တရွေ့ရွေ့တိုးကပ်သွားလိုက်
သည်။လက်ထဲရှိ ဓားနှင့်လည်း အထိုးခံရမှာ ကြောက်နေမိ
သည်။Nurseများကို ကြည့်လိုက်တော့လည်း သူ့ထက်ပင်
ကြောက်နေကြသည်။

"မလာနဲ့ ထိုးမှာနော် ငါဓားနဲ့ထိုးမှာနော် အား!!"

လူနာက ထအော်လာတာကြောင့် Vaselလေးလန့်သွားပြီး
ခြေလှမ်းများ တုံ့ကနဲ ရပ်တန့်သွားသည်။အသက်အား ဝအောင်ရှူရှိုက်လိုက်ပြီး ကြောက်စိတ်မရှိအောင် အရင်လုပ်
ရသည်။ကြောက်စိတ်နည်းနည်းပြေတော့မှ လူနာအား လေပြည်အေးလေးဖြင့် ဖြောင်းဖြတော့သည်။

"လက်ထဲကဓားကိုချလိုက်တော့နော် အဆင်ပြေသွားပြီ အဆင်ပြေသွားပြီနော် ဓားကိုချလိုက်တော့"

The little king of the vampireWhere stories live. Discover now