" မော်ကူး ! တော်တော်တောင် ထိန်းမနိုင်သိမ်းမနိုင်တွေ ဖြစ်နေလား
ငါစိတ်ညစ်နေပါတယ်ဆိုမှမင်းက ဒီဗွက်အိုင်ကြီးထဲ တဗွမ်းဗွမ်းနဲ့ ခုန်ပြီး ငါ့ကို ပါ ဗွက်တွေ ပေအောင် လုပ်လိုက်သေးတယ်ပေါ့ "
ရှောင်းကျန့် မတ်တပ်ရပ်ရာ နေရာ ဘေးက ချိုင့်ကွက် ထဲ ခုန်ကာ လူးနေတဲ့ မော်ကူး က
ခုများကျတော့ အရှက်ကြီးတဲ့ မိန်းမပျိုလေးလို ခေါင်းလေးတငုံငုံနဲ့ သူ့လက်ညိုးကို တရှောင်ရှောင်လုပ်နေတာများ ဖြတ်သွားတဲ့ လူမြင် ရင် ရှောင်ကျန့်တို့ကတော့ ခွေးလေးကို အနိုင်ကျင့်နေပါတယ်ပေါ့ ။
သိပ်ကောင်းတယ် မော်ကူး မင်းက ဟို သူတောင်းစားကောင်လိုပဲ မျက်နှာအမျိုးမျိုး .....
"လာ ပြန်မယ် အပျိုဖြန်းလေးလို ခေါင်းတငုံငုံ လုပ်မနေနဲ့ မင်းပျောက်သွားရင် လိုက်ရှာမနေဘူးနော် ။ ငါလက်မှာအထုတ်တွေနဲ့
ခုနက လည်ပတ်ကလည်း မင်းကမြင်းလို့ ပြုတ်ထွက်သွားပြီ "
အသံမာမာနဲ့ ပြောလိုက်ပြီး ဘေးကချထားတဲ့ စက္ကူပုံးကို မသယ်လိုက်ရင်း အထဲက ပစ္စည်းတွေကို တစ်ချက် ကြည့်မိတော့ အကုန်လုံးက အသစ်အတိုင်း။
သူပေးခဲ့တဲ့ အချိန်ကတည်း ထုပ်ပိုးထားတဲ့ ပုံစံအတိုင်းကို တစ်ခုမှ ပုံမပျက်ပန်းမပျက်
"အဟက်!" အသက်မပါတဲ့ ရယ်သံတစ်ချက်သာ သူထွက်နိုင်တော့တယ် ။
သူ့ရည်းစားကတော့ စတွဲကတည်းက သူ့ကို စိတ်၀င်တစားမရှိခဲ့ပုံများ နှစ်နှစ်လုံး တောက်လျောက်သူပေးခဲ့တဲ့ ပစ္စည်းတွေကို ထုတ်ကြည့်ဖို့တောင် စိတ်မပါခဲ့ ရှာဘူးတဲ့
အကြိမ်ကြိမ်အခါအခါ ခွင့်လွှတ်နားလည်ပေးထားခဲ့သမျှ ဒီတစ်ခါ ကြုံခဲ့တဲ့ ကိစ္စမှာတော့ သူသည်းမခံနိုင်သလို ဆက်ပြီး အရူးလုပ်မခံနိုင်တော့ဘူး
သူကသာ သေချာစဉ်းစား ပြီး လမ်းခွဲ ကြဖို့စကားကိုပြောရတာ ဟိုကတော့ အံသြပြမနေသလို မျက်နှာအမူအရာတောင် ပြောင်းမသွားပဲ ဘာမှ မပြောလာဘူး ...
