ခေါ်တုန်းကခေါ်ပြီး ပြောဘက်စစကားကိုရပ်လိုက်သည့် Mr Shane ကြောင့် ကောင်းဆက်မျက်မှောင်ကုတ်သွားမိပေမယ့် မပြောချင်တာကိုအတင်းမမေးလိုတော့..အခန်းရှိရာပြန်လာခဲ့သည်။ အခန်းတံခါးဖွင့်ဝင်လိုက်သည်နှင့် အခြားသူများနှင့် ရယ်မောစကားပြောနေသည့် နိုရာ့အသံကအရင်ထွက်လာပြီး ကောင်းဆက်ကိုမြင်သည်နှင့်တပြိုင်နက်.....

"ဘာတဲ့လဲ...ပြင်စရာဘာညာရှိသေးလား။"

"မရှိဘူးတဲ့ နိုရာ။ မင်းဘေးက ဘာအထုပ်လဲ.."

"ဒါလား...ခုနလေးတင် Delivery လာပို့သွားတာ။ Mr Devin က မျက်မှန်တလက်ပို့ခိုင်းလိုက်တာ။ သူ့သူငယ်ချင်းက မျက်မှန်ဆိုင်ဖွင့်ထားတယ်တဲ့။ သူ့ကိုလဲလက်ဆောင်တွေပေးတော့ ငါ့ကိုသတိရလို့တဲ့။"

"မင်းကိုဘာလို့သတိရတာတဲ့လဲ။ သူ့သူငယ်ချင်း Olivier Shane ကိုကျော်ပြီး"

Mr Devin က နိုရာ့အပေါ်စိတ်တမျိုးဖြစ်နေတာကို နိုရာကမသိသော်လဲ ကောင်းဆက်သိနေသည့်အတွက် သူငယ်ချင်းကိုနှမျောစိတ်ဖြင့် သူ့ရဲ့အသံတုန်းက ခပ်ဆတ်ဆတ်။ နိုရာကတော့ သူ့ပါဝါမျက်မှန်ကိုချွတ်၍ လက်ဆောင်ရထားသည့် နေကာမျက်မှန်ကို ကောက်တပ်ပြလာသည်။

"သတိရတယ်ဆိုတာ သူ့သူငယ်ချင်းက မျက်မှန်၂လက်လက်ဆောင်ပေးတယ်တဲ့။သူကတလက်ယူပြီး နောက်တလက်ကို Mr Shane ကိုပေးချင်ပေမယ့် Mr Shane မှာက မျက်မှန်တွေအများကြီးတဲ့။ အဲ့ဒီတော့ငါ့ကိုသတိရသွားတယ်ပေါ့။ ငါကပါဝါမျက်မှန်နဲ့ဆိုတော့ အပြင်သွားရင်နေကာမျက်မှန်တပ်ရမှာမဟုတ်ဘူးတဲ့။ အဲ့ဒါနေကာမျက်မှန်ထဲကို ပါဝါထည့်ပြီး Customize လုပ်ခိုင်းထားတာလေးမို့လို့တဲ့။ မျက်မှန်ပို့ရင်း ခေါက်ဆွဲဘူးတို့၊မုန့်တို့ပါတခါတည်းဝယ်ထည့်ပေးလိုက်တယ်တဲ့ ကောင်းဆက်နဲ့၂ယောက်စားပါတဲ့။ ဒါနဲ့ မျက်မှန်နဲ့ငါနဲ့လိုက်တယ်မလား။"

"..........."

"ဟေ့ကောင် ငါနဲ့လိုက်လားလို့"

"မလိုက်ဘူး စောက်ကန်းကြီးကျလို့..."

"ဒီ...ငါလူး...."

မျက်မှန်ကိုဆတ်ခနဲဆွဲချွတ်ကာ တိုးတိုးလေးဆဲလာသည့် နိုရာ့ကိုကြည့်ကာကောင်းဆက်ရယ်လိုက်ရင်း အထုပ်ထဲမှ ခေါက်ဆွဲဘူးတစ်ဘူးကို လှမ်းဆွဲလိုက်ပေမယ့် ခေါက်ဆွဲဘူးတော့ပါမလာ နိုရာရဲ့ခပ်ဆတ်ဆတ်ဖြတ်ရိုက်ခြင်းကိုသာခံလိုက်ရသည်မို့ လက်ခုံကိုဖိပွတ်ကာ....

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now