"ကိုယ့်ဆီ Report လာတင်တာလား ကောင်းဆက်..."

🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

တမနက်ခင်းရဲ့ မနက်၁၀နာရီကိုရောက်လာပြီဖြစ်လို့ report တင်ရန် Mr Shane ရဲ့ရုံးခန်းဆီသို့ ကောင်းဆက်ထွက်လာခဲ့ပြီး အထဲဝင်လိုက်သည်နှင့် တစုံတယောက်က အခန်းအပြင်ထွက်ရန် ဘေးမှာကပ်ရှောင်သွားခဲ့သည်။ ထိုလူ....Mr Shane ရဲ့ယာဉ်မောင်းဖြစ်သူကို မြင်တိုင်း Mr Shane နှင့်စတွေ့စဉ်က သူ့ရဲ့လက်မှတဆင့်မြင်ခဲ့ရသည့် သေခြင်းတရားကိုအမြဲတွဲမြင်ဖြစ်သည်။ ထိုကားဆရာမှာကောက်ကျစ်စဉ်းလဲသည့်ရုပ်ရည်မရှိသော်ငြား မရိုးသားသည့်အရိပ်အယောင်တွေကိုတော့ မကြာခဏတွေ့နေရသည်။ တခါတလေဆို Mr Shane ကိုစူးစိုက်ကြည့်နေပုံတွေက မုန်းတီးခြင်းတွေနဲ့ပြည့်နှက်နေသလိုလို....

"ကိုယ့်ဆီ Report လာတင်တာလား ကောင်းဆက်..."

ထိုစကားကြားမှ ကောင်းဆက်အသိဝင်ကာ ခေါင်းလေးငါးချက်ဆင့်ယမ်းပြီး သက်ပြင်းတခုမှုတ်ထုတ်၍ ရှေ့တိုးလျှောက်လာခဲ့ပြီးနောက် ဖိုင်လေးကို ခုံပေါ်တင်ပေးလိုက်သည်။

"ဟုတ်ကဲ့ Report လာတင်တာပါ။ ထွေထွေထူးထူးပြောစရာတော့မရှိပါဘူး။ "

"အင်း....ဒါနဲ့ကောင်းဆက်ဗိုက်ကဒဏ်ရာရော သက်သာရဲ့လား။"

"လက်တဆစ်သာသာလောက် ဒဏ်ရာလေးပါ။ကာလအရလဲ တလလောက်ကြာသွားပြီဆိုတော့ Mr Shane စိတ်မပူလဲရပါတယ်။"

ထိုစကားလုံးကြောင့်ထင်သည် Mr Shane က လက်မှတ်ထိုး​နေရာက ဖျတ်ခနဲမော့ကြည့်ကာ ခပ်ယောင်ယောင်လေးပြုံးသည်။ ထို့နောက်...

"ဘယ်လိုလုပ်မလဲ ကိုယ်ကကောင်းဆက်ကိုဆို အရမ်းစိတ်ပူနေမိတော့..."

ဘုရား....ဘယ်လိုစကားကြီးလဲ။ Mr Shane ထံက မရိုးသားသည့် အငွေ့အသက်ရပေမယ့် ဒီလိုတဲ့တိုးကြီးနီးပါးပြောလိုက်တော့ ကောင်းဆက်မျက်နှာတခုလုံး ရှက်စိတ်ကြောင့်ဖျန်းခနဲ...လက်မှတ်ထိုးပြီးသွားသည့် ဖိုင်ကိုပြန်ယူကာ ခေါင်းအသာညွှတ်ပြပြီးနောက် အခန်းဝဆီသို့ပြန်လျှောက်လာသည့်အခိုက်...

"ကောင်းဆက်? "

"ဟုတ်ကဲ့...."

"ကောင်းဆက်၆နှစ်လောက်တုန်းက ကစားကွင်း...ဘာမှမဟုတ်တော့ပါဘူး။ သွားလို့ရပါပြီ"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now