"ပြီးတော့ လူတယောက်ကို ငါဒုတိယအကြိမ်မြောက်ရော ထပ်ကယ်တင်နိုင်သလားလို့ သံသယရှိတယ်"

"ဘာဖြစ်လို့လဲ"

"ကောင်းဆက်ကိုပဲကြည့်လေ။ ငယ်ငယ်ကသူ့အဖေနဲ့အတူကြုံရမယ့် သေရမယ့်ကံကနေ အချိန်ရပ်ပြီးငါကယ်ခဲ့တယ်။ သူက ငါ့company မှာ ဝန်ထမ်းဖြစ်လာတဲ့အတွက် နေ့တိုင်းတွေ့ရတော့ ငါ့အစွမ်းရဲ့ဆိုးကျိုးဖြစ်တဲ့ တကျော့ပြန်သေခြင်းတရားကို သူဒီနေ့မှာကြုံရတယ်။"

"မင်းကယ်လိုက်တယ်လေ"

"ဟုတ်တယ် ဒီနေ့ ဒုတိယအကြိမ်မြောက် ငါထပ်ကယ်တင်နိုင်ခဲ့တယ်။ အဲ့ဒါကြောင့် ငါသဘောပေါက်မိတာက ငါ့ကြောင့်ကံတရားကပြောင်းလဲခဲ့ရင်တောင် အဲ့ဒီကံတရားကိုနောက်ထပ် ထပ်ပြောင်းနိုင်တယ်ဆိုတာပဲ။ တခုတော့ရှိတာပေါ့ အချိန်မှီဖို့တော့လိုတယ်။ ဒီနေ့ ​ကောင်းဆက်ကို ဒုတိယအကြိမ် ကယ်လိုက်နိုင်​ပေမယ့် သူနဲ့ငါက တရုံးထဲခြင်းမို့ ​တွေ့​နေရဦးမှာပဲ။ အဲ့ဒီလို​ဆို​တော့ တတိယအကြိမ်ရှိနိုင်ဦးမလားဆိုတာနဲ့ တကယ်ဖြစ်လာခဲ့ရင် ငါဘယ်လိုကာကွယ်​ပေးနိုင်မလဲ​ ​စောင့်ကြည့်ရမယ်"

"မင်း ယူဆချက်မှားနေတာရော မဖြစ်နိုင်ဘူးလား Shane? ဒါတွေက ခန့်မှန်းချက်သက်သက်ရောမဖြစ်နိုင်ဘူးလား။ ဘာလို့လဲဆို မင်းပြောတာသာမှန်မယ်ဆိုရင် ဘာကြောင့် မင်းမိဘတွေနဲ့မင်းသူငယ်ချင်းကို ဒုတိယအကြိမ်မှာ မကယ်နိုင်ခဲ့တာလဲ"

"ဘာလို့လဲဆိုတော့ သူတို့တွေဒုတိယအကြိမ်ထပ်ကြုံတဲ့ အချိန်မှာ ငါ သူတို့နားမရှိခဲ့ဘူးလေ။ ငါသာရှိခဲ့ရင်တော့ တမျိုးတမည် ပြောင်းလဲသွားမှာ​ပေါ့။ မင်းသိလား Devin? ငါကိစ္စတွေကိုရှုပ်ထွေးအောင် လုပ်မိပြီထင်တယ်။ ​ကောင်းဆက်ကိုစ​တွေ့တဲ့​နေ့က သူက Programming Managerရဲ့ ​သေခြင်းတရားကို မြင်ပြီးပြောတာ။ ကျန်တဲ့သူတွေကမယုံနိုင်ပေမယ့် ငါကတော့ ငါကိုယ်တိုင်ထူးခြားနေသူမို့ယုံကြည်ခဲ့ပြီး ဘဝတူချင်းမို့ တကူးတက​တောင် သွားရှာလိုက်ရာက အလုပ်တောင်ခန့်ခဲ့သေးတာ။ အခုတော့ သူတို့ကံကြမ္မာဆိုးတွေ ထပ်ကြုံရဖို့ ငါ့အနားကိုမရောက်ရောက်လာအောင်ခေါ်မိသလိုဖြစ်သွားပြီ။"

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now