"အဲ့ဒါနဲ့ "

"အဲ့ဒါနဲ့ ညနေအတော်စောင်းသွားပြီး သူတို့လည်းပြန်၊ ငါလည်းပြန်လာတယ်။ စောင့်နေတဲ့အိမ်က ကားဆီသွားနေတုန်း ဘတ်စ်ကားကြီးတစီးကလေ ဘီးပေါက်ပြီး အဲ့ဒီသားအဖနှစ်ယောက်ဆီ တည့်တည့်ကြီးသွားနေတာ သူတို့ကတော့မသိရှာဘူး။ အဖေဖြစ်သူက ကလေးကိုပိုက်ထားပြီး ငုတ်တုတ်ထိုင်ဖုန်းပြောနေခဲ့တာ။ ကားလာ​နေတာကို သူတို့မသိခဲ့ဘူး သူတို့အရှေ့မှာလဲ နံရံကြီးတခုပဲရှိတာဆိုတော့ တိုက်မိလို့ကတော့ ကားနဲ့နံရံကြား ညပ်ပြီးစိညက်ညက်ကိုကြေသွားမှာလေ။ ငါအရမ်းလန့်သွားပြီး အချိန်တွေကိုရပ်တန့်မိလိုက်တယ်။ ပြီးမှသူတို့သားအဖကိုကားနဲ့လွတ်ရာဆီ ငါမရမကဆွဲယူလာတာ မနည်းဆွဲရတယ် ငါကကလေးပဲရှိသေးတော့..."

"အင်း ငါမှတ်မိလာပြီ။ သူတို့လွတ်သွားတယ်မဟုတ်လား"

"အင်း ဒါပေမယ့် ငါ့ရဲ့အချိန်ရပ်တန့်နိုင်စွမ်းမှာလဲ ​ကောင်းဆက်လိုပဲ ကန့်သတ်ချက်​တွေနဲ့ ဆိုးကျိုးရှိတာမင်းသိပါတယ်"

"ငါသိပါတယ် "

"ဒီအတိုင်း ဘာရယ်မဟုတ်ပဲ ခဏခဏ အပျော်အနေနဲ့ ရပ်ပစ်လိုက်ပြီး သဘောကျနေတတ်တဲ့အခိုက်အတန့်တွေရှိခဲ့ပေမယ့် သေခါနီးလူတွေကို ကယ်ပေးဖူးတာဆိုလို့ ​ကောင်မလေးတယောက်၊ သားအဖနှစ်ယောက်နဲ့ ငါ့သူငယ်ချင်းတယောက်"

"မင်းရဲ့ကန့်သတ်ချက်နဲ့ ဆိုးကျိုး​တွေကို သတိထားမိတာ မင်းသူငယ်ချင်းကိစ္စဖြစ်တော့မှ သတိထားမိခဲ့တာလား"

"အဲ့ဒီလိုပဲပြောရမှာပေါ့။ သေရတော့မယ့်လူတယောက်ရဲ့ အချိန်ကိုထိန်းချုပ်ပြီး ငါကယ်တင်လိုက်မိရင် အဲ့ဒီအချိန်မှာသူလွတ်သွားခဲ့ပေမယ့် အဲ့ဒီလူကငါနဲ့နောက်တကြိမ်ထပ်တွေ့ခွင့်မရှိဘူး။ ​တွေ့ခဲ့မိရင် သေခြင်းတရားကတခေါက်ပြန်ရောက်လာပြီး အဲ့ဒီလူဟာ လအနည်းငယ်အတွင်းသေရတော့မှာ။"

".............."

"ငါ့မိဘတွေကို သဘောင်္မတော်တဆမှုမှာ ငါကယ်တင်နိုင်ခဲ့ပေမယ့် အတူနေမိသားစုဖြစ်တာကြောင့်နေ့တိုင်းနီးပါးတွေ့မြင်နေရတော့ နောက်၂လအကြာမှာ ဆုံးသွားတယ်။ ဘာမှမဖြစ်လောက်တဲ့အက်စီးဒန့်လေးနဲ့..."

 ꜱɪɢɴꜱ ᴏꜰ ᴛʜᴇ ꜰᴀᴛᴇ  (ကံကြမ္မာချည်တဲ့ကြိုး)Where stories live. Discover now