"အကိုလေး……နေ့လည်စာစားချိန်ရောက်နေပြီ မစားသေးဘူးလား"
"မစားချင်ပါဘူး နူနားရယ်
ကျနော်ဗိုက်မဆာဘူးဗျာ"ဂယောင်ဆူးနှုတ်မှထိုစကားကြားရသောကြောင့်
အိမ်အကူနူနားက မျက်လုံးကြီးပြူးနေသည်။
လွမ်းပါတယ်ဆို သူကတစ်မျိုး။
လွမ်းရတာ ဖီးလ်ကျဲလိုက်လေခြင်း။"အကိုလေး ဘာတွေစားထားလို့
ဗိုက်ပြည့်နေတာလဲဟင်""ဝက်သားတွေပြည့်နေလို့ဗျာ
နူနားရောစားအုံးမလား""မစားချင်ပါဘူး အကိုလေးရယ်
နူနားက ဝက်သားမကြိုက်ဘူး
နေပါအုံး ဒီနေ့အိမ်မှာလဲ ဝက်သားမချက်ပါဘူး
အကိုလေးဘယ်ကစားလာတာလဲ"အမေးမြန်းထူသောနူနားသည်
ကြံဖန်ရှာဖွေမေးနေပြန်သည်။
ဂယောင်ဆူးမည်သို့ဖြေရမည်နည်း။
ဝက်သားဘယ်ကစားလာလဲဆိုတော့
ကိုယ်တိုင်တောင်မသိဘူး။
အဲ့ဝက်ပေါက် ဘယ်အချိန်ကများ
ဂယောင်ဆူးဗိုက်ထဲဝင်သွားပါလိမ့်။
ရင်ဘတ်ထဲဆိုပိုမှန်အုံးမည်။"အကိုလေး ဘယ်ကစားတာလဲလို့"
"သူများအိမ်ကခိုးစားလာတာဗျာ"
"ဘယ်အိမ်ကလဲဟင်"
"ဟာဗျာ ဘာလုပ်ဖို့မေးနေတာတုန်း"
"သိချင်လို့ပါ အဖွားလာရင် အဲ့ဒီအိမ်ကို
လက်ဆောင်ပေးပြီး တောင်းပန်ဖို့လေ""မတောင်းပန်ပဲလိုက်တောင်းပေးမလားနူနားအဲ့ဒါဆိုကျနော်ပြောပြမယ်"
"လိုက်တောင်းပေးရမယ်
ဝက်သားဟင်းလား""ဟုတ်တယ်"
"အင်းအင်း……ပြောပါဘယ်အိမ်ကလဲ"
"ကျနော်တို့အိမ်က"
"အမ်……အကိုလေးပြောတော့ သူများအိမ်ကဆို"
"ဟုတ်တယ်လေ ကျနော့်အိမ်ရောက်နေတဲ့သူများစီက တော်ပြီဗျာ……နူးနာသွားတော့
ကျနော် ငိုချင်လာအောင်မလုပ်နဲ့ ဗိုက်ဆာရင်လာစားမယ်"ထိုအခါမှ အိမ်အကူနူနားလဲအိမ်ထဲပြန်ဝင်သွားတော့သည်။
ရင်နာတယ် သည်းငယ်ရယ်။
ကိုကိုမလွမ်းတက်ပါဘူးဆို အဲ့နူနားကတမှောင့်။
ကိုကို့ကိုလာကြည့်ပါအုံး သည်းငယ်လေးရယ်။
YOU ARE READING
သောက်ကျိုးနည်းဖူးစာ/ေသာက္က်ိဳးနည္းဖူးစာ(Completed)
FanfictionKo Ko is Chanyeollie's Mine(14/12/2021)
Part 14
Start from the beginning