Part 15 Pran Talk

2.2K 157 20
                                    

နာကြင်‌မူခံစားနေရတဲ့ Patက အိပ်ပျော်သွားတော့မလို ဖြစ်သည့်အခါ ကျွန်တော်ကြောက်ရွံလာသည်။
ကျွန်တော်ကားကို တတ်နိုင်သမျှ အရှိန်မြင့်ပြီး ကျွန်တော်ဘေးမှ လူကို ဆေးရုံမြန်မြန်ပို့ပေးချင်‌နေ သည်။

ဒါပေမဲ့ ကျွန်တော့်ခြေထောက်တွေ တုန်နေတာကြောင့်Patကို မကုသ ရပဲ ကားမှောက်သွားမှာလဲ ကြောက်မိသည်။  ကျွန်တော် ကား steeringကို သေချာကိုင်ပြီး သတိကြီးကြီးသာထားနိုင်သည်။ ကျွန်တော် တည့်တည့်ကိုသာကြည့်နေပြီး ကားကိုတတ်နိုင်သမျှ အမြန်မောင်းသည်။

ကျွန်တော် Patရဲ့ လက်ကို ကိုင်ပြီး သူ့လက်ကသွေးကြောလေးတွေ ခုန်နေတာကို ခံစားသည်အထိ ဆုပ်ညစ်ထားလိုက်သည်။
ကျွန်တော့် လက်ချောင်းတွေကြားမှာ သူ့လက်ကသွေးကြောတွေ မှန်မှန်ခုန်နေတာကကျွန်တော့်ကိုစိတ်သက်သာရာရစေသည်။

သူအိပ်မပျော်သေးဖူး။ အနည်းဆုံးတော့သူကျွန်တော်နှင့်အတူရှိနေသေးသည်။

ဆေးရုံသို့ရောက်ရောက်ချင်း တံခါးပေါက်ရှေ့မှာရပ်ပြီး ကျွန်တော် ကားပေါ်က ခုန်ဆင်းသည်။ nurse ဆရာမတွေ အကူညီဖြင့်Patကိုကုတင်ပေါ်သို့ တင်လိုက်သည်။

အခုPatက မျက်လုံး တဝက် မှိတ်နေပြီ ဖြစ်ပြီး Tshirtနောက်မှ သွေးတွေစီးကျနေသည်။
ကျွန်တော့်ကို Nurse ဆရာမ တွေ ကားရွှေ့ခိုင်းသဖြင့် တဖက်ခြမ်းမှာ ကားပါကင်ထိုးပြီး အရေးပေါ်ခန်းသို့ဝင်သွားသည့်Patနောက်သို့ ပြေး လိုက်သွားခဲ့သည်။

ပိတ်ထားသည့် အရေးပေါ်ခန်း တံခါးကိုမြင်လိုက်ရတော့ ကျွန်တော် မျက်ရည်တွေကျလာသည်။ ကျွန်တော့် ရင်ဘတ်တခုလုံးနာကြင်လာသည်အထိ နှလုံးသားကိုပြင်းပြင်းဆွဲညစ်ထားသလို ခံစားနေရသည်။ကျွန်တော့်ခန္ဓာကိုယ်တခုလုံးကလဲ သူ့ကိုဆုံးရူံးရတော့မလို နာကြင် ခံစားနေရသည်။

ကျွန်တော် ခေါင်းထဲက ရူးကြောင်ကြောင်အတွေးတွေ ကြောင့် ကျွန်တော်ခေါင်းခါပြီး ထိုင်ခုံရှိရာဆီသို့လမ်းလျှောက်သွားသည်။

ကျွန်တော့် လက်ဖဝါးနစ်ဖက်ကို ဖြန့်ပြီး ကျွန်တော် အကြာကြီးစိုက်ကြည့်နေမိသည်။ ကျွန်တော်ခုနက သူ့ လက်ကိုတင်းတင်းဆုပ်ကိုင်ခဲ့တုန်းက  ‌ပူနွေးမူ က ကျွန်တော့်စိတ်ထဲ ကျန်ရစ်နေသည်။

ကျွန်တော်လက်နစ်ဖက်ကို အတူဆုပ်ကိုင်ထားလိုက်သည်။ ရင်ထဲက ဟာတာတာ ခံစားမူကြီးက ပိုပြီး အက်‌ကွဲကြောင်းထင် လာသည်။
ကျွန်တော့် ကိုယ် ကျွန်တော် စိတ်သက်သာရာရလာအောင် 1,2,3ရေတွက်နေမိသည်။

BBS Ohmnanon Mm translation.Where stories live. Discover now