Unicode
ဒီရက်ပိုင်းမှာ အရင်ရက်တွေကထက် မောင်နဲ့အဆင်ပြေသွားပြီဟု ယူဆနိုင်သော်လည်း မောင်က ဟိုအရင်လို မဟုတ်တော့သလိုပင် ။
မနက်ဆိုအစောကြီးထထွက်သွားတတ်ပြီး ညဆိုနောက်ကျမှပြန်လာတတ်သည်။
တစ်ခါတစ်လေ ရိပေါ်ပင်ပန်းလွန်း၍ အိပ်ပျော်သွားသည့်နေ့တွေဆို မောင် ပြန်လာမလာတောင် မသိခဲ့ရ ။"ဒေါက်တာဝမ် ... ဒီနေ့က ကျွန်တော်ဆေးခန်းမှာ နောက်ဆုံးထိုင်တဲ့ရက်မို့လို့ ညကျ ဆေးခန်းကလူတွေနဲ့ သွားသောက်ကြမလို့ လိုက်ရမယ်နော်"
"ကျွန်တော့်ကောင်လေးက ခွင့်မပြုလောက်ဘူးအကိုကျိုး ... "
"ခေါ်လာခဲ့လေ ... ဆေးခန်းကလူတွေနဲ့မိတ်ဆက်ပေးပေါ့"
အကိုကျိုးပြောနေသလောက်တော့ လွယ်ကူမည် မထင် ။ မောင်က အကိုကျိုးကို သက်သက်အထင်လွဲနေသူမို့ သူ့ကိုတောင် ခွင့်ပြုချင်မှ ခွင့်ပြုပါလိမ့်မည်။
"လိုက်ခဲ့ပါ ဒေါက်တာဝမ် ... ကိုယ်လည်း ကိုယ့်အမျိုးသမီးကို ပြောရမှာပဲ ... ကိုယ့်သားကပိုဆိုးတာ ... ကိုယ်ညပြန်မလာရင် ရစ်နေရော"
ဒေါက်တာကျိုးက ရယ်ရင်း အတင်းလိုက်ခဲ့ဖို့ ခေါ်နေတာကြောင့် သူတကယ်ပဲ အားနာရသည်။ ဒေါက်တာကျိုးက မောင်ထင်နေသလို မဟုတ် ။ အမျိုးသမီးရော ကလေးရောရှိပြီး ဆေးခန်းက လူတွေအားလုံးကို မိသားစုလို ချစ်ပေး၏။
"ကျွန်တော်လိုက်ခဲ့ပါ့မယ်"
တခြားသူတွေပါ ဝိုင်းပြောကုန်ကျ၍ သူဆက်ငြင်းနေလို့မကောင်းတော့ ။ လိုက်သွားဖို့ သူကတိပေးခဲ့ပြီး မောင့်ဆီ ဖုန်းဆက်ဖို့သာလုပ်ရတော့သည်။
မောင့်ကို အမှန်အတိုင်းပြောလို့တော့မရပါ။
ပြဿနာရှာပြီး ရစ်တတ်တဲ့ မောင်က သူပြောလိုက်တဲ့အခါ နေ့စဉ်ရစ်နေမှာ မလွဲမသွေ။"ဝမ်... ပြောလေ"
ဖုန်းထဲက ထွက်လာတဲ့ မောင့်ရဲ့အသံလေးက ခပ်တိုးတိုး ... ။ စာသင်ခန်းထဲ ဒါမှမဟုတ် စာကြည့်တိုက်ထဲရောက်နေ၍ ဖြစ်နိုင်ပါသည်။
"ငါနောက်ကျမှာမို့လို့ မောင် ... ဂျူတီအစားဝင်ပေးမလို့"
"ဒါပဲမလား ဝမ် ... "
YOU ARE READING
Warmth, Found In Winter (Two Shots)
Fanfiction"မောင့်အရိပ််မှာနားခိုပါ အချစ်ရယ်.... မကျယ်ဝန်းပေမယ့် နွေးထွေးပါတယ် ... " Xiao Zhan x Wang Yibo