"အင်းကျေးဇူးဘဲ ဒါနဲ့ခင်ဗျားကဂျပန်ကိုဘာလာလုပ်တာလည်း"

"အလုပ်ကိစ္စရှိလို့ပေါ့ကွ"

"အော်"

"ဒါနဲ့သစ္စာက ဘယ်ကိုသွားမှာလည်း"

"တိုကျို"

"ကိုယ်လည်းတိုကျိုဘဲ"

"အော် ဟမ်!"

________________
________________

မုဏ်းအစည်းဝေးပြီးခြင်းမှာပင် ခြေလှမ်းကျဲများဖြင့် မိမိနေရာသို့ပြန်လာခဲ့သည်၊ မောင့်ရဲ့မျက်လုံးတွေထဲမှာ သူ့ကိုမုန်းနေတဲ့အရိပ်ရောင်တွေတွေ့နေရတယ် မုန်းလိုက်ပါမောင်ရယ် မင်းမုန်ပါတယ်။

ငါတို့အတိတ်ကအကြောင်းတွေ အတိတ်မှာဘဲထားခဲ့ကြရအောင် ငါ့ကိုအသစ်ဆန်းဖစ်ဒီတိုင်းလေး သဘောကျခဲ့ယံုဘဲလို့ သတ်မှတ်လိုက်ပါတော့မောင်ရယ်...

"မုဏ်း စီအီးအိုခေါ်နေတယ်"

ယုကီ၏ခေါ်သံကြားမှ မုဏ်းသတိရလာပြီး

"ဟင် ဘာလို့ကျတော့ကို"

"မသိဘူးလေ အခုလာခဲ့တဲ့"

မတွေ့ချင်ပေမဲ့ အလုပ်လုပ်နေတာကြောင့် မုဏ်းသွားတွေ့ရတော့မည်၊ ထို့ကြောင့် စီအီးအိုခန်းထဲမုဏ်း၀င်လိုက်သည်နှင့် စီအီးအိုအားအရိုသေပေး၍

"ခေါ်တယ်ဆိုလို့ပါ စီအီးအို"

"ဘာလို့ထားသွားတာလဲ"

"ကိစ္စမရှိရင်ကျတော်ပြန် အွင့်!"

နှစ်တွေကြာမဖတ်ခဲ့ရသည့် ခါးလေးအားဆွဲဖက်၍ ရှိုးနားတိုးစေကာ နီရဲသည့်နှုတ်ခမ်းလေးကို စုပ်ယူနမ်းပစ်လိုက်သည်။ ချစ်လို့မဟုတ်ဘူး ဒီတိုင်း ကျုပ်...

ဖြောင်း*

"ဟင့်"

အဆုံးသတ်အနမ်းကိုပေးစေပြီး ရှိုးသည်မုဏ်းအားသူနှင့်အဝေးကိုတွန်းထုတ်၍ အားပါသောလက်ဝါးဖြင့် ရိုက်လိုက်သည့်ခါ မုဏ်း၏နှုတ်ခမ်းထောင့်မှသွေးများ စီးကျလာသည်။

"လျှန်းရှိုးသီဟိုရ်!"

"ဘာလို့ထားခဲ့တာလည်းလို့မေးနေတယ်လေ ဟမ်!"

"ပြောနေတာမကြားဘူးလား ခင်ဗျားပါးစပ်မပါဘူးလား မုဏ်းလွန်ကြိုး ကျုပ်မေးနေတာဖြေစမ်း"

MOUM{Completed}Where stories live. Discover now