(ငါအဆင်ပြေတယ် ၊ မင်းအရင်ပြန်နှင့်လိုက်၊ ငါတို့ပြီးမှ စကားပြောကြမယ်)
အတော်ကြာမှ ကျွန်တော်Pran ဆီသွားတွေ့ချင်ခဲ့သည်။ ကျွန်တော့်ကို Pranမှ ထိုစာတိုလေးပို့လာသည်။ ကျွန်တော်အစထဲကသိခဲ့တာ Pran က သူ့ကိုဂရုစိုက်ပေးတာကို မပျော်ဝင်သွားတတ်။ အဲ့တာကြောင့်ပဲ ကျွန်တော့်စိတ်က သူ့ကိုပဲအမြဲကြည့်ချင်နေခဲ့တာ။ တခါတလေတော့လဲ လွတ်ပေါက်လေးတွေရှိတတ်သည်။
ကျွန်တော်တို့ မျိူးဆက်တွေတခုပြီး တခု အမုန်းတွေရှိလာခဲ့ရာ မှ ကျွန်တော်တို့မျိုးဆက်ကြတော့ တဖက်ကိုတိုက်ခိုက်ဖို့ အားနည်းချက်ရှာဖွေရင်း ကြားနေ နေတတ်ကြသည်။
ကျွန်တော်တို့ဘက်မှ အမှားရှိသည်ဟုတော့ကျွန်တော်မထင်။ လူတွေက ပိုပြီးအားနည်းသူကိုနာကျင်အောင်ပြုမူတတ်ကြသည်။
Pranကို အချိန်မှီ မဆွဲလိုက်နိုင်တာကြောင့်လဲ ကိုယ့်ကိုယ်ကို စိတ်တိုသည်။
"Pat"
ကျွန်တော် တို့ဌာနဘက်မှ ခေါ်သံကိုကြားလိုက်ရသည်။ Oh ဒီမျက်နှာတွေ ကျွန်တော် မမြင်ချင်သေးဖူး။
သူ့တို့ဆီက ဘာမေးခွန်းမှလဲ ပြန် မဖြေချင်သေးဖူး။ ခေါ်သံက တယောက်ထဲဆီမှမဟုတ်ပဲ Kornက တ ခြားကောင်တွေကိုပါ အချက်ပြလိုက်သည်။ ကြည့်ရတာ ကျွန်တော်ပြန်လာတာကို အားလုံးစောင့်နေကြတာဖြစ်မည်။
ကျွန်တော်က ပြိုင်ပွဲမပြီးခင် ပွဲအလယ်လောက်မှာ အာခီဘက်မှ ပြိုင်ပွဲဝင်တွေဆီသို့ပြေးသွားခဲ့တာဖြစ်သည်။
"စကားပြောရအောင် မင်းတို့နိုင်သွားတယ်"
"အေး"
Phoomကပြောသည်။
ေ ကျွန်တော် ပြန်မပြောပဲမျက်တောင်မခတ်နေလိုက်သည်။Kornကို လှမ်းကြည့်တော့ သူဘာမှ မတတ်နိုင်သည့်ပုံလုပ်ပြသည်။ ဟုတ်သည်။ ဒီတချက်တော့ကျွန်တော်ပြောမှရမည်။"ညနေကျရင် အောင်ပွဲခံရအောင်"
"အောင်ပွဲခံရမှာပေါ့၊ ဒါပေမဲ့ မင်းနဲ့ ဟိုဘက်ကကောင်ကြားမှာ ဘာတွေဖြစ်ေနတာလဲ"
"လူသားတိုင်းကကြင်နာတတ်ကြတာပဲလေ"
"Pat အခုက ကြင်နာရမဲ့အချိန်မှ မဟုတ်တာ"