*အင်း ဒီနေ့က ကျန်တဲ့သူတွေ assignment မပြီးသေးလို့ လုပ်နေတာမို့ ငါတစ်ယောက်တည်း နေ့လည်စာ လာစားတာ*

Renjun ဖြေလိုက်တော့မှ ထစ်ငေါ့နေကြတဲ့ Jeno နဲ့ Haechan တိတ်ဆိတ်သွားလေသည်။

#LeejenoကHaechanကိုသာရန်တွေ့တာငါ့ဘက်ကျလှည့်မကြည့်ဘူးတဆိတ်လောက်ဒါသူ့ကိုတွဲမလားဆိုပြီးစဥ်းစားခိုင်းထားတဲ့သူဟုတ်ပါတယ်နော်#

Renjun အတွေးထဲကလို စိတ်မကြည်ဘဲ အပြင်မှာပါ မျက်မှောင်ကြုတ်လိုက်မိတော့ Haechan က Jeno ကို မျက်စပစ်ပြလေသည်။

*Renjun*

Jeno ခေါ်လိုက်တော့ အတွေးထဲနစ်နေတဲ့ Renjun က Jeno ကို လှည့်ကြည့်လေသည်။

*နေ့လည်စာစားမယ်ဆို မှာဦးလေ*

*အင်း မစားတော့ဘူး ခဏနေ အဆောင်ပြန်မှပဲ လမ်းမှာ ဟော့ပေါ့ဝင်စားတော့မယ်*

*အာ အတန်းချိန်ပြီးသွားလား*

*အင်း*

သူတို့ပြောသည်ကိုသာ အသံတိတ် နားထောင်နေတဲ့ Haechan က Jeno ကို လိုရင်းမရောက်တာမို့ စိတ်ပျက်နေသလို ကြည့်လိုက်ပြီး Renjun ဘက် လှည့်ကာ

* ဒါဆို အဆင်ပြေတာပေါ့ Renjun*

Haechan အပြောကို Renjun က မျက်ခုံးပင့်ပြကာ

*ဘာကိုလဲ Haechan*

*ငါတို့တွေလည်း အတန်းချိန်ပြီးပြီး ဘယ်သွားရမလဲ ဘာစားရမလဲ တွေးနေတာ မင်းပြောမှ Hotpot စားချင်လာတယ် မင်းရော Jaemin*

*အင်း ငါရောပဲ Jeno ကရော*

*ငါက hotpot မစား*

Jeno စကားမဆုံးခင် Haechan ခုံအောက်ကနေ Jeno ခြေထောက်ကို လှမ်းကန်ပြီး မျက်စပစ်ပြတော့

*အင်း ငါရောပဲ*

တကယ်ပဲ Lee Jeno ဟာ တော်မလိုလိုနဲ့ လူပိန်းကြီးပဲဟု Haechan နဲ့ Jaemin ကောက်ချက်ချမိသည်။

*ဒါဆို အတူတူ သွားစားကြမလား*

Renjun ကပဲ စပြောလာသည်မို့ Haechan တို့ ခေါင်းညိတ်လိုက်သည်။

*ငါ့မှာကားပါတယ် ငါ့ကားနဲ့ သွားကြရအောင်လေ*

တလောကမှ အိမ်က ဝယ်ပေးထားတဲ့ကားကို Jaemin အချိန်မီ ထုတ်ကြွားလိုက်သည်။

κι εγω σε αγαπω [NoRen]حيث تعيش القصص. اكتشف الآن