"မင်းမေကြီးတော်မို့ ငါကပါလာရတာလားကွ!!!!!!"
"အေးဟုတ်သား သူကလူကဲခတ်မညံ့လောက်ပါဘူး နံပါတ်တစ်က လူကဲခတ်တော်လောက်မှာပါ"
"ဟာ ဟေ့ကောင် မင်းကတစ်လေ သူကအဆင့်နှစ်!"
မိမိကိုဂရုမစိုက်ပဲ စကားဆက်ပြောနေသော နှစ်ယောက်ကြောင့် ဒက်စတင်စိတ်ဆိုးဆိုးနှင့်သာ ငြိမ်ထိုင်နေလိုက်သည်။"အေးဟုတ်သားပဲနော် ငါမေ့သွားတာ"
"ဘယ်လိုတောင်မေ့နိုင်တာလဲ.."
"ဒါကတော့ဟာ ငါကသူ့ကိုငါ့ဘ၀ရဲ့နံပါတ်တစ်နေရာပဲအမြဲဦးစားပေးထားနေတော့ မေ့သွားတာပါ"
မနိုင်ဘူးဟူသောအကြည့်နှင့် ခေါင်းရမ်းနေသော ဂျက်နှင့် "အော့" ဟုအသံထွက်ကာ အန်ချင်သလိုလိုလုပ်ပြလိုက်သော ဒက်စတင်ကိုဥပေက္ခာပြုကာ အစားများကိုကုန်အောင်အမြန်သာစားလိုက်သည်။
ကျောင်းတက်ခေါင်းလောင်းသံမြည်ပြီးငါးမိနစ်ကြာတော့ ဒါရာတို့သုံးယောက်အခန်းဝသို့ခြေချနိုင်ကြပြီဖြစ်သည်။ကံကောင်းသည်ကအတန်းချိန်ဆရာလဲမရောက်သေး။ဒါရာတို့ကိုယ့်နေရာသို့လျှင်မြန်စွာဝင်ထိုင်လိုက်ကြပြီး ရှေ့ဆုံးတွင်ထိုင်နေသောတေးကဗျာကိုလဲလှမ်းကြည့်လိုက်ဖို့မမေ့ကြပေ။
"နင်တို့ကဘာလို့လိုက်ကြည့်ကြတာလဲ" ဟုသကောင့်သားနှစ်ယောက်အားဒါရာမေးမိတော့
"မင်းတစ်ယောက်နေ့တိုင်းကြည့်နေရတာ ရှက်မှာစိုးလို့အဖော်လိုက်ကြည့်ပေးတာပါကွာ" ဟုပြောင်ရွှတ်ရွှတ်မျက်နှာနှင့်ဂျက်ကပြန်ဖြေသည်။
"မလိုဘူး!နောက်တစ်ခါငါ့တေးကိုယောင်လို့တောင်မကြည့်မိစေနဲ့ ငါမကြိုက်ဘူး"
ဒါရာစကားအဆုံးအခန်းထဲဝင်လာသောဆရာကြောင့်ထိုနှစ်ယောက်မှာဘာမှဆက်မပြောတော့ပေ။
"ကျောင်းသားတို့ မူလအတန်းချိန်ဆရာကမအားလို့ ဆရာကအစားဝင်သင်ပေးမယ် ကဲစာအုပ်တွေထုတ်ကြ"
"ဒါဒါ.."
ရှေ့တွင်သင်ပုန်းဘက်လှည့်ကာစာရေးနေသောဆရာကြောင့် ဘေးခုံရှိဒက်စတင်က ဒါရာ့ကိုလေသံနှင့်ခေါ်လိုက်ခြင်းဖြစ်သည်။ဂျက်၏ခုံမှာ ဒါရာ၏နောက်ခုံတွင်ဖြစ်သည်။
YOU ARE READING
GL အပိုင်းတိုများ
Randomမိမိစိတ်ကူးထဲမှအကြောင်းအရာများကိုပုံဖော်ထားတာကြောင့် လက်တွေ့ဆန်မှဆန်ချင်မှာပါ။ အရေးအသားကလဲမကောင်းတာကြောင့်သည်းခံပေးပါ။
ဒါရာ၏တေး#1
Start from the beginning