မျက်ရည်ဝဲနေသလိုဖြစ်နေတဲ့ Renjun ကြောင့် လက်တွေဆီ အကြည့်ရောက်တော့ လက်နှစ်ခုကို တင်းတင်းဆုပ်ထားသည်ကို တွေ့လေသည်။
*ဟို ဘာဖြစ်သွားသေးလဲ တောင်းပန်ပါတယ်*
သူထပ်မေးတော့လည်း ဘာမှမဖြေဘဲ ခေါင်းသာ ခါပြလေသည်။ နောက်တော့ သူကြည့်နေမှန်း သိလို့ထင် လက်လေးတွေကို အိတ်ကပ်ထဲထည့်လိုက်လေသည်။
*ဟို ငါသွားတော့မယ်*
တစ်ချိန်လုံး ငြိမ်သက်နေခဲ့တဲ့သူဆီက ထွက်လာတဲ့ ပထမဆုံးစကား
*အတူတူသွားရအောင်လေ*
သူပြောလိုက်တော့ မျက်မှန်အောက်က မျက်လုံးဝိုင်းလေးတွေက စူးစူးစိုက်စိုက် လှည့်ကြည့်လာသည်။
*သွားရမယ့်နေရာ အတူတူပဲမို့လို့ပါ မင်း အဆင်မပြေရင် အရင်သွားနှင့်ပါ*
သူပြောတာ ဆုံးတော့ တွေးဆဆနဲ့ ကောင်လေးက
*အဆင်ပြေပါတယ် အတူတူသွားကြတာပေါ့*
ဒီလိုနဲ့ သူတို့ ဆရာခေါ်ထားသည့်နေရာကို လာခဲ့လိုက်ကြသည်။ သူတို့ရောက်တဲ့အချိန် မည်သူမျှ မရောက်သေး။ မကြာခင်တော့ ဆရာခေါ်ထားသည့်သူများ တဖြေးဖြေး ပြည့်လာလေသည်။
ဆရာပြောဆိုသည်များပြီးလို့ အတန်းထဲ သွားကြတော့ တခြားသူတွေနဲ့ အတူတူ သွားတဲ့ Renjun ကို Jeno မခေါ်မိတော့ပေ။
-------------------------------
အခန်းထဲရောက်တော့ ရောက်နေပြီဖြစ်တဲ့ Haechan နဲ့ Jaemin က အတူတူ ဂိမ်းဆော့နေကြသည်။ Jeno ကို မြင်တော့ ကျောင်းတက်ဖို့လည်း လိုသေးသည်မို့ ကန်တင်းသွားကြရအောင် ဆိုပြီး သုံးယောက်သား ကန်တင်းဘက် ထွက်လာခဲ့လေသည်။
ကန်တင်းမှာ Renjun ကို တွေ့တော့ မသိမသာ ခိုးကြည့်မိသော လက်ဖဝါးနုနုမှာ ပလာစတာတွေ ကပ်နေလေသည်။ ဒါဆို မနက်က လဲကျရင်း ဒဏ်ရာရသွားသည်ပေါ့။
အနာကို ဆေးကပ်ပေးနေတဲ့ သူ့ညီကတော့ Renjun ကို တရုတ်လိုပြောပြီး ဆူနေဟန်ရသည်။ Jeno သူ့ကြောင့် ဖြစ်သွားသည်မို့ အားနာရသည်မို့ ကန်တင်းမှာ Renjun ဝယ်စားနေကြ jelly နဲ့ အအေးကို ဝယ်ကာ Haechan တို့ကို အကျိုးအကြောင်း ပြောပြပြီး ကူညီပေးဖို့ တောင်းဆိုတော့ လုပ်ပေးမည် ပြောလေသည်။