My Lifeblood(Part 16)

Start from the beginning
                                    

ဘမ်း...........

ထမ်းလာသောအိတ်ကိုကားနောက်ဖုံးထဲထည့်ပြီးနောက် စိုင်းလူကားထဲဝင်လာပြီး.........

"ကျွန်တော်ဒီအလောင်းကိုသွားဖျောက်ဦးမယ်....မိုးကလည်းမကြာခင်လင်းတော့မှာဆိုတော့ ဦးသော်ကအိမ်ကိုကားငှားပြီးဘဲပြန်ရမယ်ထင်တယ်"

"ရတယ် ငါကဘာနဲ့ဘဲပြန်ရပြန်ရဖြစ်တယ်....မင်းသာဒီအလောင်းကိုသေချာလက်စဖျောက်ခဲ့"

"စိတ်ချပါ"

စိုင်းလူနဲ့သဘောတူညီမှုရပြီးသည်နှင့် ဦးသော်ကကားပေါ်ကသာဆင်းပေးလိုက်သည်။သူ့အနေဖြင့်စိုင်းလူနဲ့အတူတကွလိုက်လံကာ အလောင်းဖျောက်သည်ကအစအသေးစိတ်လုပ်နေလို့မဖြစ်ချေ။မည်သူမျှသတိမထားမိခင်အိမ်ပြန်ဖို့အရေးကြီးနေသည်မို့ သူဆင်းပေးသည်နှင့်မောင်းထွက်သွားတဲ့ကားလေးကိုမျက်စိတစ်ဆုံးငေးမောရင်းသာကျန်နေခဲ့လေသည်။

တစ်ဖက်၌လည်း ဦးသော်ကတို့ဆီကသတင်းကိုစောင့်ဆိုင်းနေရတဲ့နှိုင်းဧကရီမှာကောင်းကောင်းအိပ်မပျော်။ဧည့်ခန်းထဲမှာဘဲတစ်ညလုံးဟိုလျှောက်နဲ့ ပူပန်နေခဲ့ရသည်။

"နှိုင်း"

သတိုးခေါင်အိပ်ရာကနိုးသည့်အချိန် နာရီကိုကြည့်တော့မနက်၄နာရီပင်ခွဲလို့နေပြီ။ဧည့်ခန်းအတွင်းမှာ ဖုန်းတစ်လုံးကိုင်ပြီးဟိုလျှောက်ဒီလျှောက်လုပ်နေတဲ့ သူ့ညီမကတော့အိပ်ထားပုံမရသေး၊မကြည်လင်တဲ့မျက်နှာထားနဲ့တစ်ခြားကိုအာရုံရောက်နေတဲ့နှိုင်းဧကရီ သူ့အားမြင်ပုံမရသေးတာကြောင့်ခေါ်လိုက်ခြင်းဘဲဖြစ်လေရာ..........

"နိုးပြီလားကိုကြီး"....ကလွဲလို့သူမဘာမှဆက်မပြော။နေမြဲပုံစံအတိုင်းဘဲနေနေလေသည်။

သတိုးခေါင်လည်း သူ့ကိုအာရုံမရောက်တဲ့သူမကိုဘာမှဆက်မပြောချင်တဲ့အဆုံး ဆိုဖာပေါ်မှာသာထိုင်ပြီးခန္ဓာကိုယ်အားတစောင်းအနေအထားဖြင့် ခေါင်းကိုလက်ထောက်ပြီးသာ သူမကိုကြည့်နေလိုက်ရသည်။

"You and I don't say goodbye.All we need is........."

သီချင်းသံမြူးမြူးလေး ဧည့်ခန်းအတွင်းထွက်ပေါ်လာစဥ် သတိုးခေါင်ကောနှိုင်းဧကရီပါ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း သီချင်းသံလေးအားဆက်လက်ထွက်ပေါ်ခွင့်မပြုတော့ဘဲ နှိုင်းဧကရီဖုန်းသာကိုင်လိုက်ပြီး ဘယ်သူဘယ်ဝါမှန်းသိတာနဲ့...........

My Lifeblood(complete)Where stories live. Discover now