"ကိုယ့်အတွက် ကျန့်မရှိလို့ မဖြစ်ဘူးလေ။ ကျန့်သိပါတယ်"

"အချစ်ကို တန်ဖိုးမထားတတ်တဲ့ မင်းအနားကို လာခဲ့ဖို့ ငါ့မှာ သတ္တိတွေမရှိတော့ဘူး လီရှန်း။ ငါ ဟိုးအရင်ကတည်းက ဆုံးဖြတ်ထားတာက တစ်ခါချစ်ပြီးရင် နောက်ဘယ်တော့မှ မပြောင်းလဲတော့ဘူးပေါ့။ အခု ငါဝမ်ရိပေါ်ကို ချစ်မိသွားပြီ။ ပြောင်းလဲလို့မရတော့ဘူး... ငါဒါပဲပြောတော့မယ်။ ငါ့ကိုခွင့်ပြုဦး"

ရှောင်ကျန့်က ပြတ်သားစွာပြောပြီး လီရှန်းကို ကျောခိုင်းကာ အိမ်ထဲသို့ ပြန်ဝင်သွားပါတော့၏။

ရှောင်ကျန့်ရဲ့ဆုံးဖြတ်ချက်ကြောင့် လီရှန်းရဲ့ နှလုံးသားကြီးတစ်ခုလုံး တွင်းနက်နက်ထဲသို့ ပြုတ်ကျသွားရပါတော့၏။ ထိုတွင်းနက်နက်ထဲမှ သူ့နှလုံးသားရဲ့ ငိုကြွေးသံကို ဘယ်သူမှ သတိထားမိမည်မဟုတ်တော့ချေ။ နောက်ဆုံး သူ့ ပါးပြင်ပေါ်သို့ပင် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျဆင်းခဲ့ရပါတော့၏။ ​ပြီးသွားပြီ။ လုံးဝပြီးသွားပြီ။ ရှောင်ကျန့်နဲ့ သူ့ရဲ့ဇာတ်လမ်းက လုံးဝ,လုံးဝကို ပြီးဆုံးသွားပါပြီ။

//////////

နေ့ရက်များ တဖြည်းဖြည်းနဲ့တိုက်စားရင်း အချိန်တွေလည်း ကုန်ဆုံးခဲ့ပေပြီ။ ရှောင်ကျန့်ကတော့ ဝမ်ရိပေါ်ကို တစ်မိနစ်လေးမျှ မမေ့ခဲ့ပေ။ သို့သော် မမေ့ဘူးဆိုပေမယ့် ဝမ်ရိပေါ်ကို ဆက်သွယ်ဖို့လည်း အနည်းငယ်မျှ သူ မကြိုးစားမိ။

ယခုဆိုရင် သူ အလုပ်တစ်ခုကို ပြန်ပြောင်းလိုက်လေပြီ။ ထို့ကြောင့် ဝမ်ရိပေါ်နှင့် တွေ့ဖို့က အကြောင်းမဖန်တော့ပေ။ ယနေ့ အလုပ်ပိတ်ရက်ဖြစ်၏။

သူတစ်ယောက်တည်း။ ဝမ်ရိပေါ်ကိုလည်း လွန်စွာသတိရနေမိ၏။ သူ့ကို ဝမ်ရိပေါ် ငေးကြည့်နေခဲ့စဥ်ကသာ သတိထားမိခဲ့လျှင်ဆိုသည့် အတွေးကြီးကလည်း သူ့ခေါင်းထဲတွင် ကြီးစိုးလို့နေ၏။

ရည်ရွယ်ချက်မဲ့ သူ့ခြေလှမ်းများက ဝမ်ရိပေါ် သူ့ကို စတင်တွေ့ဆုံခဲ့တဲ့ ဆိုင်လေးဆီသို့ ဆွဲခေါ်သွားလေ၏။ တစ်ချိန်က သူ ငေးကြည့်ခဲ့ဖူးသော လက်စွပ်လေး မရှိတော့သည့် မှန်ပုံးလေးကို သူငေးကြည့်နေမိ၏။ လက်စွပ်လေးကိုတော့ သူ့ရဲ့ညာဘက်လက်သူကြွယ်တွင် သူကိုယ်တိုင် နေရာပေးထားမိပြီဖြစ်၏။

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now