Part7 Pran Talk

1.8K 139 23
                                    

ကျွန်တော့်ပေါင်ပေါ်မှာ အိပ်ပျော်နေသည့်သူကို ထိုင်ကြည့်နေမိသည်။
Patရဲ့အသက်ရူသံကနွေးထွေးပြီးမြန်ဆန်သည်။
အရက်တွေအများကြီး ‌သောက်ထားတာကြောင့် ဖြစ်နိုင်သည်။

သူအိပ်နေတုန်း ကျွန်တော့်နာမည်ကိုခေါ်တာကြားရတော့သက်ပြင်းချမိသည်။
Pat က ခပ်ပျော်ပျော်နေတတ်သော စိတ်ရုပ်စရာကောင်လေးဖြစ်သည်။

သူ့မှာ နစ်လိုဖွယ်အပြုံးရှိပြီး ဘာအတွက်မှ စိတ်ဖိစီးမူမရှိ။
သူ့နားမှာ တောက်ပတဲ့အလင်းရောင်တွေရှိနေသလိုပဲ။

Patကဘယ်အကြောင်းရာကိုမဆို နစ်ခါမတွေးတတ်။
ဘာကိုမှမစဉ်းစားပဲ ပျော်ပျော်နေတတ်သူဖြစ်သည်။

Patတွင်ကိစ္စတခုခုဖြစ်တိုင်း ကျွန်တော့်ကိုပါလာပြီးသက်ရောက်သည်။

ဘယ်လိုလူကများ taxi သမားဆီကအလစ်သုတ်ခံရပြီး Seven storeရှေ့မှာ ပစ်ချခံရတဲ့ထိ မူးနေလို့လဲ။

‌seven က ခွေးကသူ့ပါးစပ်ကိုယက်နေသည့်အထိ သူလဲကျနေသည်။

ညလယ်ခေါင် ကျွန်တော့်နားချိန် အလုပ်လုပ်ချိန်ကြီးမှာတောင်သူ့ဆီ Taxiဖြင့်သွားခေါ်ရသည်။

ပိုပြီး သတိထားရမှာက Patက ကျွန်တော့်ကိုခေါင်းကိုက်စေသည့် ဒုက္ခအိုး တနေ့တခြားပိုပြီးဖြစ်လာသည်။

ကျွန်တော်တို့ကအခု ရန်သူ‌တွေလား၊ သူငယ်ချင်းတွေလား၊ အဖေနဲ့သားလားတောင်မသဲကွဲတော့။

ကျွန်တော်သူ့ကိုနေ့စဉ် ဆဲဆိုနေရလို့ စကားလုံးအသစ်တွေတောင် ထွင်ပြီးနေပြီဖြစ်သည်။

Patကအိမ်ကိုဘယ်တော့မှ အချိန်နဲ့ပြန်မလာတတ်။
ကြာလာတော့ နေ့စဉ် ဒီအကြောင်းရာတွေကိုပဲ ပြောဆိုနေရတာပင်ပန်းလာသည်။
Patကတော့ ဘယ်လိုမှ ပြောင်းလဲ လာမဲ့ပုံမရှိလို့ဖြစ်သည်။

ကျွန်တော်နှင့်တူတူပဲဖြစ်သည်။
ကျွန်တော်ဘယ်လောက်ပဲပျင်းပျင်း၊ သူ့ကို
တော့ ဘေးမှာ မထားချင်။

×××
တစ်နာရီခန့် ဆရာ lectureသင်ပြတာကိုနားထောင်ပြီး ကျွန်တော့် အညောင်းအညာပြေအောင်ဆန့်လိုက်သည်။

ညက ကျွန်တော်အိပ်ရသည့်အချိန်က ငှက်တွေအသံတောင်ကြားနေရပြီ။
မနက်ကျတော့ 8နာရီ အတန်းချိန်အမှီ ထွက်လာခဲ့ရသည်။

BBS Ohmnanon Mm translation.Where stories live. Discover now