❄︎ Chapter-8 ❄︎

Start from the beginning
                                    

ကျန်းကျယ်ဟန့် ခေါင်းကိုငုံ့ထားလျက်ပဲ တွေးလိုက်သည်။

// ငါကသူစိမ်းမလား ..ဘာလို့လာဂရုစိုက်နေရတာလဲ သေသွားရင်တောင် မင်းအတွက်ပိုကောင်းတာကို //

သို့သော်လည်း စိတ်သဘောရှိသည့်အတိုင်းမပြောပါဘဲ ခေါင်းငြိမ့်လို့ ဆို၏။

"အင်း သောက်လိုက်ပါ့မယ် "

ထိုအခါ အရှင်မှာ ရေးရေးလေးပြုံးလာလို့ ကျန်းကျယ်ဟန့်ကို စွေ့ခနဲပွေ့ချီသွားလိုက်သည်။ ရုတ်တရက် ငှက်မွေးပမာပွေ့ချီခံလိုက်ရတာကြောင့် လန့်ဖြတ်သွားလို့ အရှင်လည်ပင်းကို အလိုအလျောက်သိုင်းဖက်မိသား။

"အရှင် ..! "

ကျန်းကျယ်ဟန့် လန့်ပြီးရေရွတ်မိသောအခါမှာ အရှင်ကသူ့ကိုစိုက်ကြည့်လာပြန်သည်။ ဘာလို့အဲ့သလိုအကြည့်မျိုးက အဓိပ္ပါယ်ဖော်ရခက်မှန်း ကျန်းကျယ်ဟန့်နားမလည်ဘူး။ ဒါပေမယ့် အဲ့မျက်လုံးတွေနှင့် ကြုံဆုံသွားတိုင်း ရဲရဲမကြည့်ဝံ့ပြန်။ ကိုယ့်ဘက်ကအမှားတစ်စုံတစ်ရာမရှိပဲ တစ်ဖက်လူ၏ ခပ်ဆွေးဆွေးမျက်ဝန်းတွေကို ရင်မဆိုင်ရဲတာ ဘာကြောင့်များလဲ။

ပွေ့ချီလိုက်တာနဲ့ ပေါ့ပေါ့ပါးပါးပါလာတဲ့ ကြင်ယာတော်ဖြစ်သူကြောင့် ကုန်းကျွင်း အလိုမကျဖြစ်သွားရသည်။ ဘာလို့များ ဘာလို့ အဲ့သလောက်ထိပေါ့ပါးနေရအောင် အစားအသောက်ကောင်းကောင်းမစားရတာလဲ။ ချက်ခြင်းပင်စားသောက်ပွဲပြင်ခိုင်းလိုက်ပြီး ကြင်ယာတော်ကို စားစေသည်။ ထိုလူက အားကလည်းနည်းသေး၊အစာကလည်းကောင်းကောင်းမစားရင် ဘာကောင်းကျိုးမှ ရှိလာမှာမဟုတ်ဘူး။

____

"အရှင့်သား .. ကျွန်တော်တို့ ပွဲတော်အတွက် အကုန်ပြင်ဆင်ပြီးပါပြီ .. ပြီးတော့ ရှင်းယဲ့က သဘင်ပညာသည်မိန်းကလေးတွေကိုလည်း ဖိတ်ထားပါတယ် "

"အင်း .. မင်းတို့အဆင်ပြေသလိုလုပ်ပါ "

အရှင်သားမှာ ထိုပွဲတော်ကို သူ့ရဲ့လူအချို့ကိုသာ ပျော်ရွှင်စေရန်ကျင်းပခွင့်ပြုထားသော်လည်း ပါဝင်ဆင်နွှဲလေ့တော့မရှိပါ။ထို့အစား ထို‌တစ်နေ့တော့ အားလုံးစိတ်သဘောရှိသလို ပျော်စေသည်။

Red Spider Lily's Lord Where stories live. Discover now