❄︎ Chapter-8 ❄︎

Începe de la început
                                    

"မသွားနဲ့ဆိုလည်း မသွားတာပေါ့ .. အများကြီးပြောနေစရာလိုလို့လား "

ပြောချင်တာပြောပြီးနောက်မှာ အရှင်က သူ့ကိုစိုက်ကြည့်နေမှန်းသိတော့မှ ကြောက်လန့်ပြီး ဇက်ကလေးပိုပုဝင်သွားတော့သည်။ ချင်အန်းကတော့ ကြင်ယာတော် စိတ်အလိုမကျမှုကြောင့် ဖြစ်သွားတဲ့မျက်နှာကို သဘောတကျခပ်တိုးတိုးရယ်မိလေသည်။

ဦးရီးတော်ဖြစ်သူရောက်လာတာ‌မို့ စည်းကမ်းတွေနဲ့ကျင့်ဝတ်ကို နားလည်စွာပဲ ကျင့်ချင်အန်း နှုတ်ဆက်လို့ထွက်သွားလေသည်။ဒီရက်ပိုင်းတော့ ပွဲတော်တွေနဲ့တချို့ ကိစ္စရှိပါသေးတယ်မဟုတ်ပါလား။

ချင်အန်းထွက်သွားတာနဲ့ အရှင်က သူ့ကိုဘာမှတော့မပြောပေမယ့် ခုံပေါ်သွားထိုင်နေလေသည်။ ကျန်းကျယ်ဟန့်ကတော့ထိုနေရာမှာ ရပ်နေမြဲ။

ရေနွေးတစ်ခွက်ကိုသောက်လိုက်ပြီးနောက်မှာ ကျောက်တိုင်ကြီးပမာမလှုပ်မယှက်ရပ်နေတဲ့ ကျန်းကျယ်ဟန့်ကို ကြည့်ပြီးပြုံးရိပ်သန်းလာသည့်လူမှာ ကုန်းကျွင်းမဟုတ်လျှင် အဘယ်သူဖြစ်နိုင်ပါမည်နည်း။

"မင်း .. ဒီလာခဲ့ "

ကုန်းကျွင်းခေါ်သံကိုကြားလိုက်ရမှ ကျန်းကျယ်ဟန့် သက်ပြင်းချလို့ သူ့ဘေးမှာရပ်နေလိုက်သည်။

ကုန်းကျွင်းတစ်ချက်စုတ်သပ်လိုက်ပြီး ကျန်းကျယ်ဟန့်ကိုခါးမှ ဆွဲဖက်လို့ သူ့ပေါင်ပေါ်ထိုင်စေသည်။ရုတ်တရက် အရုပ်တစ်ခုပမာ ဆွဲယူခြင်းခံလိုက်ရသော ကျန်းကျယ်ဟန့်ခဗျာ မျက်လုံးအဟောင်းသား။

ထိုတအံ့တဩဖြစ်‌သော မျက်လုံးများသည်ကား တဖက်လူ၏စူးရှ၍ ခန့်မှန်းရ‌ခက်သောမျက်လုံးမှာနှင့် ဆုံတွေ့သွားသည်အခိုက်မှာ ကျန်းကျယ်ဟန့် သတိဝင်သည်နှင့် ခေါင်းကိုငုံ့ချပစ်လိုက်တော့သည်။

ထိုအခါအရှင်ဧကရာဇ်ဆီမှ အစောပိုင်းကလေသံထက်အနည်းငယ်နူးညံ့သော‌ လေသံ ကိုကြားလိုက်ရ၏။

"နေမကောင်းဘူးလား .."

"မဟုတ်ပါဘူး "

"မင်းအတွက် ဆေးတွေယူလာခဲ့တယ် ဟိုက်ယိကပြောတယ် မင်းခန္ဓာကိုယ်ကအရမ်းအားနည်းနေတယ် ဆေးပုံမှန်သောက်သင့်တယ် "

Red Spider Lily's Lord Unde poveștirile trăiesc. Descoperă acum