ဟူသော စကားကို သူ အမြဲကြားယောင်ရင်း လီရှန်း၏ လိုအပ်ချက်များအားလုံးကို သူ့အဖေကိုယ်စား သူကပဲ ဖြည့်ဆည်းပေးခဲ့တယ်။ လီရှန်းပြန်သွားသည်ကို သူ့ရုံးခန်းမှတစ်ဆင့် ငေးကြည့်နေစဥ် သူ လွန်စွာ တမ်းတနေမိသော ထိုလူသားကို မထင်မှတ်ဘဲ တွေ့လိုက်ရတယ်။

လီရှန်းနှင့် ရယ်ရယ်မောမော ပြန်သွားသော ထိုလူသားကို ကြည့်ရင်း သူ့ရင်ခုန်သံများ အရင်ကကဲ့သို့ လတ်ဆတ်လာပြန်တယ်။ ထိုလူသားရဲ့ အချစ်ကို ရအောင် သူကြိုးစားတော့မည်ဟု ဆုံးဖြတ်လိုက်ပြီး တစ်ဆက်တည်းမှာပင် လီရှန်းနှင့် ထိုလူသား၏ ပတ်သက်မှုကိုလည်း  မေးမြန်းရန် စဥ်းစားလိုက်ပါတော့တယ်။

//////////

Company မှာ အရေးကြီး Meeting ရှိသော်လည်း ဝမ်ရိပေါ်တစ်ယောက် ထားပစ်ခဲ့ကာ လီရှန်းနှင့်အတူ ဆိုင်တစ်ဆိုင်သို့ ထွက်လာခဲ့လိုက်၏။

"ဘာပြောစရာရှိလို့လဲ ရိပေါ်"

ဆိုင်တွင် ကော်ဖီမှာပြီးသည်နှင့် လီရှန်းက သူ့ကို နားမလည်စွာ မေးလိုက်ပါ၏။

"မနေ့က ကောကို လာကြိုသွားတာ ဘယ်သူလဲ။ ကျွန်တော် သိခွင့်ရှိလား"

မနေ့က လီရှန်းကို လာကြိုသွားသူမှာ လီရှန်း၏ ချစ်သူ ရှောင်ကျန့်ပင်ဖြစ်၏။

"အာ... သိခွင့်ရှိတာပေါ့။ အဲ့ဒါ ကောရဲ့အသိပါ"

ဘာကြောင့် သူ့ကိုသူ အသိဟုပင် ပြောလိုက်မိကြောင်း လီရှန်း သူ့ကိုယ်သူ နားမလည်နိုင်ချေ။

"အသိဆိုတာ ဘယ်လိုမျိုးလဲ။ သူငယ်ချင်းလား ဒါမှမဟုတ် အဲ့ထက်ပိုတာလား"

သေချာစွာမေးနေသော ဝမ်ရိပေါ်၏ မျက်ဝန်းတွင် မျှော်လင့်ချက်များ မာန်ပါလွန်းနေ၏။

"သူငယ်ချင်းပါ.."

"သူငယ်ချင်းပဲဆိုတာ...သေချာလား ကော ။ ဒီထက်မပိုဘူးလား။ ဒီထက်ပိုဖို့ရော ရှိလား"

"ဘာဖြစ်လို့လဲ ရိပေါ်"

"ဖြေပေးပါ။ ကျွန်တော့်အတွက် အရမ်းအရေးကြီးနေလို့ပါ"

တစ်ခြားလူအကြောင်းကို ဘယ်တုန်းကမှ စိတ်မဝင်စားသော ဝမ်ရိပေါ်က ဒီမေးခွန်းကို ဘာကြောင့်မေးတာလဲဆိုတာ လီရှန်းကောင်းစွာ ရိပ်မိပါ၏။ ဝမ်ရိပေါ်ရဲ့ အမူအရာများကို  ငယ်စဥ်ကတည်းက သူ အလွတ်ရခဲ့သည်မဟုတ်လား။ ဝမ်ရိပေါ်ဟာ သူ့အတွက် အရေးမပါလျှင် လေချွန်ရန်ပင် ဝန်လေးသည့် လူဖြစ်ကြောင်း လီရှန်း ကောင်းစွာသိ၏။

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Où les histoires vivent. Découvrez maintenant