Part4 Pat Talk

1.8K 157 23
                                    

ကျွန်တော် ဒီအခန်းရဲ့ လေထုလေးကိုကြိုက်သည်။
ခန်းစီးစ အမဲရောင်ကို ပြတင်းပေါက်တဖက်မှာချည်ထားတာမို့
မနက်ခင်းနေရောင်ကတောက်ပနေသည်။

ကျွန်တော်မအိပ်ခင်ကတော့ ခန်းစီးစကို ပိတ်ပြီးအိပ်သည်။

ညက ရေချိုးဖို့ Pranကိုစောင့်နေတုန်း
Aircon 24 degreeထားထားပေမဲ့ မနက်ကျတော့ Aircon ပိတ်ထား ပေးသည်။
လေးထောင့်ပုံစံအခန်း မှာ ‌ထူးဆန်းစွာထောက်ခြောက်ချောင်း ပါတဲ့ကုတင် ကိုအလှဆင်ထားသည်။

အဲ့ကုတင်မှာ ကျွန်တော်နဲ့ တညလုံးဖက်အိပ်ထားတဲ့အနံ့မွှေးမွှေးယုန်အရုပ်လေးပဲရှိသည်။

ညက ကျွန်တော့်ကိုကုတင်ပေါ်က ခဏခဏကန်ချ တဲ့ သူဘေးမှာမရှိတော့ပါ။
ကျွန်တော်က ကုတင်ပေါ်ပြန်တတ်သည်
သူက ပြန်ကန်သည်။
နောက်ဆုံးတော့ လက်နက်ချအရူံးပေးလိုက်ရသည်။

Pranရဲ့ ခေါင်းအုံးကအေးစက်နေသည်။
သူ့ကိုယ်ငွေ့နွေးနွေးမကျန်ခဲ့ပေမဲ့
သူ့ရဲ့ကိုယ်သင်းနံ့ကတော့ကျန်ခဲ့သည်။
အခန်းပိုင်ရှင်က ကျွန်တော်ကိုမနိုးသွားပဲ မကြာသေးခင်ကမှအပြင်ထွက်သွားတာ ဖြစ်မည်။

ကျွန်တော့်ရဲ့ အရုပ်လေးကို ဆွဲဖက်လိုက်သည်။
ဒီအရုပ်ကို ဘယ်အချိန် က ရခဲ့မှန်းမသိ။
ခုတော့ ကျွန်တော်ကအရုပ်စွဲလန်းသူဖြစ်နေပြီ။

အစကတော့အရုပ်ကို အပတ်တိုင်းလျှော်ခဲ့သေးသည်။
လျှော်ရင်းနဲ့ နားရွက် တွေပွပြီး ရှည်ထွက်လာသည်။

ဒါပေမဲ့အရုပ်က ကြည့်လို့ကောင်းနေဆဲ၊
အနံ့လေးတော့နည်းနည်း ပြောင်းသွားသည်။
ကျွန်တော့်အရုပ်လေးရဲ့ဆံပင်အနံ့က Pranရဲ့ စောင်နဲ့ ခေါင်းအုံးအနံ့လိုပဲမွှေးသည်။

"Ai Pran ငါ့အရုပ်လေး Nong Homကိုညက လိုက်ရှာနေတာ မင်းယူသွားပြီးဖက်ထားတာမလား၊
အဲ့‌တာကြောင့် မင်းအနံ့ရနေတာ"

ကျွန်တော်အရုပ်လေး Nong Hom နားရွက်ကို
ဆွဲပြီးစကားပြောလိုက်သည်။
ကျွန်တော်Nong Homရဲ့ယုန်နားရွက်ရှည်ရှည်လေးကိုကိုက်ဆွဲရတာကြိုက်သည်။

သူ့အရောင်က dark brownလို classicဆန်တဲ့အရောင်မျိူး။
ဒီခေတ်မှာတော့ကျွန်တော့်အရုပ်လေးက vintageဆန်ဆန် ပစွည်းလေးပါပဲ။

BBS Ohmnanon Mm translation.Where stories live. Discover now