"ဟေ့... ကောင်လေး မင်း ဘယ်လိုလုပ်မှာလဲ။ ကိုယ့်အမေအရွယ်ကြီးကို ဝင်တိုက်ပြီး ဒီတိုင်းပဲ ထားရလားကွ"

မျက်လုံးက ထိုလူသားကို ရှာနေမိသောကြောင့် အဘွားအိုကြီးကို ဝမ်ရိပေါ်မထူလိုက်မိ။ အနားမှ လူတစ်ချို့က သူ့ကို မကျေနပ်စွာပင် ပြောနေတော့၏။ ထိုအခါကျမှ သူ လူနှင့်စိတ်ပြန်ကပ်ပြီး...

"ကျွန်တော်ရိုင်းစိုင်းတတ်တဲ့ လူတစ်ယောက်မဟုတ်ပါဘူးဗျာ။ ကဲ... ဖွားဖွား၊ ကျွန်တော် ဆေးခန်းလိုက်ပို့ပေးမယ်နော်။ နောက်ပြီး အိမ်ကိုလိုက်ပို့ပြီး ဆေးဖိုးဝါးခလည်းပေးမယ်။ ကျွန်တော် ကူတွဲပေးမယ်။ ကားပေါ်တက်ရအောင်"

ဝမ်ရိပေါ်ပြောပြီး ထိုအဖွားအိုကြီးကို ဆေးခန်းသို့ လိုက်ပို့၊ ဆေးဖိုးပေး၊ အိမ်လိုက်ပို့ စသည့်အလုပ်များကို လုပ်နေရသော်လည်း စောစောက မြင်ခဲ့တဲ့ထိုလူသားကတော့ သူ့မြင်ကွင်းထဲမှ လုံးဝမထွက်သေးပေ။

//////////

နောက်တစ်ရက် ကူးသွားသော်လည်း ထိုလူသား၏ မျက်ဝန်းနှင့် အမူအရာတွေက ဝမ်ရိပေါ်ရဲ့ အာရုံထဲတွင် နေရာယူထားသေး၏။

"ခင်ဗျားက... ဘယ်လိုလူမျိုးလဲဗျာ"

သူ သိချင်တဲ့စိတ်များ တစ်ဖွားဖွား ပေါ်ပေါက်လာပါ၏။ ထို့ကြောင့် သူ တုံ့ဆိုင်းမနေတော့ဘဲ မနေ့က ထိုလူသားငေးကြည့်နေသော ဆိုင်သို့သာ ထွက်လာခဲ့ပါတော့၏။

"ဟယ်... ရိပေါ်၊ မလာစဖူးပါလား။ ဘာလဲ လာလည်တာလား"

ဟူသော နှုတ်ဆက်သံကြောင့် ဝမ်ရိပေါ်လှမ်းကြည့်လိုက်ရာ သူ့အဖေရဲ့ ညီမဝမ်းကွဲတော်သူ အန်တီ မေရီချန်းကို တွေ့လိုက်ရ၏။

"ဟာ... အန်တီချန်း၊ ဒီဆိုင်က"

"အေး... ဒေါ်လေးက ဒီဆိုင်ကိုဖွင့်ထားတာလေ။ ကြည့်ပါဦး... ရိပေါ်တို့များ ဘယ်လောက်အနေစိမ့်လဲဆိုတာ ကိုယ့်အဒေါ် ဘာလုပ်လို့ လုပ်နေမှန်းတောင်မသိဘူးပေါ့လေ ဟုတ်စ"

အလုပ်ကိုသာလျှင် စိတ်ဝင်စားသောကြောင့် ဝမ်ရိပေါ်က အမျိုးများနှင့်ပင် အဆက်အသွယ်တွေ ပြတ်လုလုဖြစ်နေပါ၏။

ချစ်ခွန်းဖွဲ့သီ ချစ်သူ့ဆီ (COMPLETED)Where stories live. Discover now