"အေး ငါမေးနေတာကြာပြီ"
ကျွန်တော် ဆန်ပြုတ်အိုးကို ခုလေးတင်
ပါကင်ဖောက်ပြီး ထည့်မွှေနေသည်။
ကြက်ဉပြုတ်ကိုပါးစပ်ထဲထိုးထည့်နေတဲ့ကောင်က ကျွန်တော့်ကိုလှည့်ကြည့်သည်။"ဘာဖြစ်လို့လဲ??"
သူ့ရဲ့ ဝါကျမမည်တဲ့ မေးခွန်းခပ်ပြတ်ပြတ်ကြောင့် ကျွန်တော်မျက်မှောင်ကြုံ့မိသည်။
"မင်းမျက်နာကို မနက်ပိုင်းကြီးဘာလို့လာပြရလဲ၊ မနေ့ညကနဲ့တင် မလုံလောက်သေးဖူးလား၊
ငါ့မှာ ရက်ရောချင်စိတ် ရှိရဲ့လားဆိုတာတောင်မသိတော့ ဖူး""မင်းလား ရက်ရောမှာ?"
"ရေစက်က ဖြတ်ရခက်ချက်ပဲ၊
မလုံလောက်နိုင်သေးဖူး၊
မင်းအခန်းမှာ စားစရာဘာမှမရှိဖူးလား၊
ငါ့အခန်းထဲပဲလာနေတော့မှာလား?""ငါ့မှာပေါင်မုန့်တွေပဲရှိတာ နို့ဆီမရှိတော့ဖူး
ငါက ယိုနဲ့စားရတာမကြိုက်ဖူး""Hey! ငါကသိထားရမှာလား"
"မင်းအခန်းထဲမှာဝယ်ချင်ဝယ်ထားပေး ပေါ့"
ဒီလူပါးဝတဲ့ကောင်က ပြုံးစိစိမျက်နှာပေးဖြင့်ပြောသည်။ ကျွန်တော်ဆန်ပြုတ်ကို ဇွန်းဖြင့်မောက်မောက်တဇွန်းသောက်ချလိုက်တော့ သူ့ဆန်ပြုတ်ပန်းကန်ထဲမှာ အမူန့်တွေ မပျော်သေးတာကို တွေ့လိုက်ရသည်။
"Hey မင်း##& ဆန်ပြုတ်တောင်ကျက်အောင်မချက်နိုင်ဖူးလား"
"မင်းသတိထားမိပြန်ပြီပေါ့၊ ငါ့ကိုအရမ်းပဲစိတ်ဝင်စားနေလား"
"ဖြစ်ရတယ်"
"အခုငါဘာစားရမှာလဲ"
"မသိဖူး"
"Patတယောက်ထဲဖြစ်နေရင် Khun Pran ရှိနေပြီပဲဟာ"
"မင်းမှာဘယ်သူမှမရှိဖူး၊ မင်းက တယောက်ထဲပဲ
ပြီးတော့ မင်းစားတာများတယ်"ကျွန်တော်သူ့ကို မေတ္တာကောင်းကောင်းပို့နေတာတောင်Pat ကပြုံးဖြဲဖြဲနှင့်စိတ်လူပ်ရှားနေသေးသည်။
သူ့ပါးစပ်ထဲ ဆန်ပြုတ် မရောက်ခင် ဆန်ပြုတ်ပူပူကိုသူ့ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။