Shen Chong လဲအိပ်နေရင်းနဲ့ Nan HuaiLinကို နမ်းလိုက်တယ်။ သူ့ရဲ့မျက်လုံးထောင့်ကနေ Nan HuaiLinရဲ့ ရင်ပတ်နဲ့ ဝမ်းဗိုက်ကြွက်သားသေးသေးလေးတွေကို မြင်လိုက်ရတဲ့အချိန်မှာ သူ့ရဲ့နှလုံးသားလေးက အကူအညီမဲ့ တဝီဝီမြည်နေခဲ့တယ်။ Nan HuaiLin ရဲ့ ရုပ်ရည်က သာမာန်လောက်ပဲလို့ထင်ရတယ်။ ဒါပေမယ့် အခုလို သရည်ယိုစရာကောင်းတဲ့ ခန္ဓာကိုယ်ပိုင်ဆိုင်မယ်လို့ Shen Chong မမျှော်လင့်ခဲ့ဘူး။ အမ်...... သူ့ရဲ့ နှုတ်ခမ်းကလဲ ဝင်းဝင်းအိအိချိုချိုလေးနဲ့ အရမ်းနုညံ့တယ်။ Shen Chong မျက်လုံးမှိတ်လိုက်တော့ ရုတ်တရက် သူ့ရဲ့ စိတ်တွေ လှုပ်ရှားနေခဲ့တယ်။

Shen Chong ရဲ့ စိတ်ထဲက ဘာတွေတွေးနေလဲဆိုတာ Nan HuaiLin လွယ်လွယ်ကူကူ သတိမပြုမိပါဘူး။ သူက Zhang Heng ပြောထားတဲ့အတိုင်း သရုပ်ဆောင်နေတယ်။ သူ့ရဲ့ အမှုအရာတွေနဲ့ လှုပ်ရှားမှုတွေက အပိုအလိုမရှိ ကွက်တိပဲ။

မကြာခင်မှာပဲ Shen Chong ရဲ့ ဆန္ဒတွေက ပြင်းပြင်းထန်ထန် ထပ်ဖြစ်လာတယ်။ သူ့ရဲ့ စိတ်ခံစားမှုတွေကလည်း အတော်လေးကို ရှုပ်ထွေးနေတယ်။

Nan HuaiLinက သူ့ရဲ့ စိတ်ခံစားချက်တွေ အားလုံးကို ဘေးဖယ်ထားတယ်။ သူ့ရဲ့ အကြည့်တစ်ချက်ကတောင် စိတ်အနှောင့်အယှက်ဖြစ်မနေဘူး။

Shen Chong, တစ်ယောက်ထဲ အထီးကျန်နေခဲ့တာကြာလို့ အခုလိုဖြစ်နေတာလား? Shit! ဘယ်လိုတောင် စိတ်လှုပ်ရှားမှုကြီးလဲကွာ!

"Cut!" Zhang Heng မက်တပ်ရပ်လိုက်တယ်။ "Shen Chong မင်း ဘာကြောင်ကြည့်နေတာလဲ? ဆက်သရုပ်ဆောင်လေ!"

Shen Chong , Nan HuaiLin ရဲ့ မျက်နှာအမှုအရာကို စောင့်ကြည့်နေလိုက်တယ်။ သူက မျက်လွှာချသွားတယ်။ ပြီးတော့ သူ့မျက်နှာက ဗလာလိုပဲ ဘာအမှုအရာမှ ရှိမနေဘူး။

Shen Chong ငြိမ်ကြည့်နေပေမယ့် သူ့စိတ်ထဲမှာတော့ ဒေါသထွက်နေတယ်။ Nan HuaiLinရဲ့ မျက်နှာက အရမ်းပုံမှန်ပဲ။ အဲ့ဒီပုံမှန်မှုက ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူဘယ်လိုများ........ဟာ! ဘာလို့အဲ့လောက်စိတ်ရှုပ်ထွေးနေရတာလဲ!

Fei Cheng သူ့ နေကာမျက်မှန်ကို နဲနဲဆွဲချပြီးတော့ မျက်မှန်ဘောင်ပေါ်ကနေ Nan HuaiLin ကို ကြည့်လိုက်တယ်။

အဝတ်တွေဝတ်ထားတုန်းက သူရုပ်ချောတယ်လို့ ဘယ်သူမှထင်မှာ မဟုတ်ဘူး။ ဒါပေမယ့် သူ့ရဲ့ အဝတ်တွေချွတ်ပြီးလို့ ကြည့်လိုက်မိရင်တော့ ဒီပရိုသရုပ်ဆောင်ပေါက်စလေးက အရမ်းကိုဆွဲဆောင်မှုရှိတယ့် နေရာသေးသေးလေးတွေ တကယ်ရှိတယ်။ သူ့အသားအရေက ဂလိုးပြီးတော့ကိုဖြူနေတာ။ အရည်အသွေးကောင်းတဲ့ ကြွေထည်အဖြူရောင်လေး လိုပဲ။ သူ့ရဲ့ ကြွက်သားတွေကလဲ သူ့နေရာနဲ့သူကွက်တိ အရမ်းလှတယ်။ သူ့ရဲ့ ဘာအမှုအရာမှမရှိတဲ့ မျက်နှာပေါ်မှာတောင် အပြစ်ကင်းတဲ့ အရိပ်လေးတွေ မထင်မရှားပေါ်ပေါ်လာသလိုပဲ။

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now