Shen Chong ပြုံးပြီး ပြောလိုက်တယ်။ "မင်း USမှာ နေတုန်းက 'ကောင်းကင်က အမြင့်ကြီး ၊ ဧကရာဇ် ကလည်း အဝေးမှာ´ ဆိုတော့ မင်းရဲ့ အကိုက မင်းကို မထိန်းနိုင်ခဲ့ဘူးလေ။ အခု မင်းအိမ်ကို ပြန်ရောက်ပြီဆိုတော့ မင်းအစ်ကိုရဲ့ နှာခေါင်းပေါက်အောက်မှာ ဘယ်နေရာတွေကို သဝေထိုးပြီး ဘယ်လို အမြင့်ပျံဉီးမလဲဆိုတာ ငါကြည့်ချင်သေးတယ်"

(AN/ "ကောင်းကင်ကအမြင့်ကြီး၊ ဧကရာဇ်ကလည်း အဝေးမှာ" ဆိုတာက beijingမြို့က စကားပုံလေးပါ။ Fei Cheng က သူ့အစ်ကိုနဲ့ဝေးနေတော့ နေချင်သလိုနေတာလို့ ပြောချင်တာပါ )

Fei Cheng ပခုံးတွန့်ပြလိုက်တယ်။ "ငါ့အစ်ကိုရဲ့ နှာခေါင်းအောက်ရှိနေလဲ ဘာဖြစ်လဲ? ငါ ကောင်းကင်မှာ ပျံသန်းနိုင်တုန်းပါပဲနော်"

Shen Chong သူ့ခေါင်းကို ညိမ့်ပြပြီး ပြောလိုက်တယ်။ "မင်းအစ်ကိုတစ်ယောက်ထဲကပဲ မင်းကိုချစ်တာ မထူးဆန်းတော့ပါဘူး"

Fei Cheng သူ့ရဲ့ နှုတ်ခမ်းဒေါင့်စွန်းတွေကို အပေါ်ဆွဲပြီး ပြုံးပြလိုက်တယ်။ "သူက ငါ့ရဲ့ အစ်ကိုကြီးလေ။ သူမှ ငါ့ကို မချစ်ရင် ဘယ်သူက ချစ်မှာလဲ? ဟေး... မင်းရဲ့ ရှုတင်က ဘယ်အချိန်ပြီးမှာလဲ? မင်းပြီးရင် ငါ့သူငယ်ချင်းတွေနဲ့ သွားသောက်ရအောင်"

"အဲ့ဒါက ဒါရိုက်တာ Zhang ပေါ်ပဲမူတည်တယ်" Shen Chong ရီမောပြီး ပြောလိုက်တယ်။

"ငါလဲ မပြောနိုင်ဘူး။ ဟို သရုပ်ဆောင်ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်" Zhang Hengက ပြောတယ်။

Shen Chong တွေဝေသွားတယ်။ "သူက Ming Xi ကလို့ ပြောခဲ့တယ်မလား။ ငါ သူ့ကို ဘာလို့ ကုမ္ပဏီမှာ တစ်ခါမှ မမြင်ဘူးတာလဲ?"

Shen Chong ကလဲ Ming Xi က သရုပ်ဆောင်တစ်ယောက်ပဲ။ ပြီးတော့ သူက နာမည်ကြီးတဲ့ ဆယ်လီ တစ်ယောက်။ သူ့ရဲ့ သရုပ်ဆောင်အရည်အချင်းက ပုံမှန်လောက်ပဲရှိပေမယ့် သူ့ရဲ့ ချောမောတဲ့မျက်နှာနဲ့ ထိပ်တန်းရှိုးပွဲတွေ ဖျော်ဖြေရေးပွဲတွေကြောင့် Fan တွေက မရေမတွက်နိုင်အောင်ပဲရှိတယ်။Weiboမှာလဲ 30 မီလီယံ ကျော်တဲ့ fan တွေရှိသေးတယ်။

Zhang Heng ကပြောလိုက်တယ်။ "Ming Xi က ဟို တလောကမှ အေးဂျင့်တွေဆီကနေ သရုပ်ဆောင်ပေါက်စလေးတွေနဲ့ စာချုပ်ချုပ်ထားတာလေ။ မင်းလို နာမည်ကြီးတွေတော့မပါဘူးပေါ့....။ ဒါပေမယ့် သူတို့တွေ အကုန်လုံးလိုလိုက ဘာမှမသိတဲ့ ကလေးပေါက်စလေးတွေပါကွာ။ အဲ့ဒါတင် မကသေးဘူး ဟျောင့်ရေ သူတို့က အခြေခံလစာ လောက်ပဲရကြတာ။ အဲ့လစာက မာကတ်တင်းမှာ သုံးကြတဲ့ ပိုက်ဆံထက်တောင်နဲသေးတယ်။ ဒရမ်မာ အဖွဲ့တွေမှာ သူတို့ အလုပ်ရလဲ အတူတူလောက်ပဲရတာ။ အဲ့ဒါကြောင့် ငါတို့ပိုက်ဆံတွေကို မဆုံးရှုံးတော့ဘူး။ ဘာကြောင့်အဲ့တာကိုမလုပ်ရမှာလဲ။ အဲ့ဒါက ငါတို့အတွက်အရှုံးမရှိဘူးလေ။ ငါတို့ရဲ့အသိုင်းအဝိုင်းကိုက ဒီလိုပဲ "

ကျတော့်ရဲ့ နဂါးကောင်လေး(MM trans)Where stories live. Discover now