အပိုင်း _ ၁

17.8K 284 2
                                        


" ခြိမ့် ပင်ပန်းနေပြီလား "

မမမှူး မေးလာတော့ ခြိမ့် ပါးချိုင့်လေးပေါ်အောင်ပြုံးရင်း ခေါင်းခါပြလိုက်ပြီး...

" မပင်ပန်းပါဘူး မမှူးရယ် နည်းနည်းအေးလို့ပါ ခြိမ့် ကို အနွေးထည်လေးတစ်ချက်ပေးပါဉီး "

မမှူးပေးတဲ့ မွှေးပွအနွေးထည်ကိုဝတ်လိုက်ပြီး
ခုံလေးပေါ်မှာ ခပ်ကွေးကွေးထိုင်နေလိုက်မိသည်။ မိုးလင်းရန် နာရီအနည်းငယ်သာ လိုတော့သည်မဟုတ်ပါလား .....

ခြိမ့် အတွက်တော့ မအိပ်ရတဲ့ညတွေက
တစ်ညနှစ်ညမဟုတ် အခုလို ဒီဇင်ဘာလဆောင်းရာသီကြီးမှာ ခိုက်ခိုက်တုန်အောင်ချမ်းတဲ့ ကလောမြို့မှာ ရိုက်ရမယ့်ရိုက်ကွင်းတွေပါတဲ့ ဇာတ်လမ်းကို အေးတာကိုသေလုအောင်ကြောက်တဲ့ ခြိမ့် က တမင်ကိုလက်ခံခဲ့တာဟုပြောလျှင် ခြိမ့် မေမေပင် ယုံလိမ့်မည်မဟုတ် ။

တကယ်တော့ ထိုအကြောင်းပြချက်က အမှန်ပင် အခုတော့ ညလုံးပေါက်ရိုက်ကွင်းတွေဆက်နေတာနဲ့ ရာသီဥတုဒဏ်မခံနိုင်တဲ့ ခြိမ့် တစ်ယောက် နှာခေါင်းထိပ်ဖျားတွေပါ အေးခဲနေပြီလို့ခံစားမိနေသည်။

" ရိုက်ကွင်း ပြန်စမယ် "

အကူကောင်လေးရဲ့ အော်ဟစ်သတိပေးသံ အဆုံးမှာတော့ ခြိမ့် ခုဏကောက်ဝတ်ထားတဲ့ အနွေးထည်အထူကြီးကို ချွတ်ကာ ကင်မရာတွေနေရာချထားရာဘက် ပြန်လျှောက်လာခဲ့ရတော့သည်။

ယုန်မွှေးခေါင်းစွပ် ဖြူဖြူလေးနဲ့ လည်သာ ဖိနပ်အရှည် အပြင် အနီရဲရဲ ဆွယ်တာလေးကို လိုက်ဖက်စွာဝတ်ဆင်ထားပါသော်ငြားလဲ ခြိမ့် ကိုယ်လေး မသိမသာတုန်ရင်နေခဲ့သည်။

သာမာန်လူတွေအတွက် လှပပြီးနွေးထွေးနေလောက်တဲ့ ဒီအဝတ်အစားတွေဟာ အအေးဓာတ်ကို လွန်ကဲစွာကြောက်တဲ့ သူမအတွက် ထင်သလောက်အဆင်မပြေခဲ့ပါ ။

1 2 3 action ~~~

**********************************

မိုးသည်းခြိမ့် လပ်ထပ်တော့မယ့် သတင်းကအမှန်ပဲလား ~~~

ခြိမ့် လက်ထပ်မယ်သူက ဇမ္ဗူထိပ်ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင်ဆိုတာ မှန်ပါသလား ~~~~~

ချစ်သူအပါး ခစားလျက်ရှိသော ( Complete ) ( ခ်စ္သူအပါး ခစားလ်က္ရိွေသာ )Stories to obsess over. Discover now