သူကနှမြောစွာနဲ့ပဲငွေပေးချေခဲ့တယ်သူကတိုးရှတယ့်အသံနဲ့မေးလိုက်တယ်"ဒါဆိုရင်..ကျနော့်ကိုဖယောင်းတိုင်အချို့ပေးလို့ရမလား.."ဝန်ထမ်းကအံ့အားသင့်စွာနဲ့"ဒီနေ့ကမင်းမွေးနေ့လား"ကောင်လေးကထောက်ခံလိုက်တယ်"မင်းအသက်ဘလောက်လဲ""၁၈"ဝန်ထမ်းကကောင်လေးကိုကြည့်လိုက်တယ်ကောင်လေးရဲ့လက်တွေကအရွယ်နဲ့မလိုက်ကြမ်းတမ်းပုံပေါ်တယ်လက်သည်းထိပ်တွေမှာသွေးစလေးတွေရှိနေတယ်ကောင်လေးကအလုပ်တွေတော်တော်များလုပ်ရပုံပေါ်တယ်သူမကခဏစဥ်းစားပြီးနောက်မှာသူ့ကို၁၈ပုံစံဖယောင်းတိုင်ကိုပေးလိုက်သည်

ကောင်ငယ်လေးကသူ့လက်ကိုဝှေ့ယမ်းလက်ပြီး"မလိုပါဘူးရိုရိုးတခုပဲပေးပါ"

ဝန်ထမ်းကပြုံးပြီးကိတ်ဘူးထဲကိုဖယောင်းတိုင်ထည့်ပေးလိုက်တယ်"ယူလိုက်ပါ"ကောင်ငယ်လေးကဝန်ထမ်းက်ိုကြည့်လိုက်ကိတ်ဘူးကိုကြည့်လိုက်နဲ့နောက်ဆုံမှာပျော်ရွှင်စွာပြုံးပြီး"ကျေးဇူးတင်ပါတယ်အစ်မ"ပြောပီးဆိုင်ကနေထွက်လာပီးနောက်မှာတော့အသက်ပြင်းပြင်းရှိုက်ထုတ်လိုက်တော့သည်

အရမ်းကောင်းတယ်နောက်ဆုံးတော့သူဟာအရွယ်ရောက်လာခဲ့ပြီသူကတက္ကသိုလ်တက်ပြီးနောက်မှာတော့ပိုက်ဆံတွေရှာနိုင်တော့မယ်တနေ့မှာတော့သူ့ကိုယ်ပိုင်ပီယာနိုတခုဝယ်တော့မယ်

သူကလူကူးမျဥ်းကြားကမီးနီကနေလမ်းတဖက်ကူးဖို့စောင့်နေလိုက်တယ်သူကအရမ်းကိုပျော်ရွှင်နေပီးကိတ်ဘူးကိုလဲတင်းတင်းကိုင်ပီးနောက်ပြေးသွားခဲ့သည်

ရုတ်တရက််ဆိုရင်ဘဲသူဟာကားသံကျယ်ကြီးတခုကိုကြားလိုက်ရတယ်သူ့ခေါင်းကိုလှည့်ကြည့်တဲ့အခါကားရဲ့အရိပ်ကြီးကသူ့ပေါ်ကိုကျရောက်လာတယ် အဲဲ့ဒီအချိန်မှာဘဲကမ္ဘာကြီးကရပ်တန့်သွားခဲ့တယ်စက္ကန့်ပိုင်းအတွင်းမှာပဲသူ့မှာဘာခံစားမှုမှမရှိတော့ပဲသူ့ရဲ့ကိတ်ဘူးလေးဟာလဲလမ်းမပေါ်မှာကျသွားခဲ့တယ်၁၈ဆ်ိုတယ့်ဖယောင်းတိုင်လေးဟာလဲကျိုးသွားခဲ့ပြီ

ပီယာနိုဆိုင်ထဲကကျောင်းသားတွေကလဲထိပ်လန့်နေကြတယ်

အရမ်းကိုနာကျင်တာဘဲ........

ရှန်းစီဟာမျက်လုံးက်ိုခက်ခက်ခဲခဲကြိုးစားပီးဖွင့်ကြည့်လိုက်တယ်သူ့ခန္ခာကိုယ်ကအရမ်းကိုနာကျင်ပီးအားအင်လုံးဝမရှိတော့သလိုပဲသူ့ဝမ်းခေါင်းနဲ့လည်ချောင်းကလဲအရမ်းကိုနာကျင်နေတယ်သူ့အဆုတ်တွေနဲ့ဦးခေါင်းကလဲနာကျင်မှုတွေပဲပေးနေတယ်...

သူအသက်ရှင်တယ်လား..?

သူကအခုဆေးရုံထဲမှာလို့ထင်တယ်သူကကားတိုက်ခံခဲ့ရတယ်မလား

သူအဖြေမထုတ်နိုင်ခင်မှာပဲလိုက်ကာအပြင်ဘက်ကအသံကြားလိုက်ရတယ်"လူနာကမစိုးရိမ်ရပါဘူးရေနစ်ပီးတော့သူ့ကိုအချိန်မှီကယ်တင်နိုင်ခဲ့တယ်သူကမကြာခင်နိုးလာလိမ့်မယ်လိုအပ်တယ့်စမ်းသပ်မှုတွေခံယူပီးရင်မနက်ဖြန်ဆေးရုံကဆင်းလို့ရပါပြီ"

ရှန်းစီကအံ့အားသင့်သွားတယ်ရေနစ်တယ်!!?

သူကကားတိုက်ခံခဲ့ရတာမဟုတ်ဘူးလား!!?

မကြာခင်မှာပဲအသက်ကြီးကြီးလူတစ်ဦးကပြောတယ်"ကံကောင်းတာပဲရှောင်းစီကအဆင်ပြေသွားပီငါကသူ့မတော်တဆဖစ်တာကိုမတားလိုက်နိုင်ဘူးသူ့ကိုသူ့အကိုချင်ရိနဲ့လက်ထပ်မပေးလိုက်နိုင်မှာစိုးနေတာ"

အမျိုးသမီးကြီးကအေးခဲသွားတယ်"သူကရှင့်သားမဟုတ်ဘူးလား!!"

"အဲ့တော့လဲဘာအရေးလဲသူကမိသားစုကိုဒုက္ခပေးနေခဲ့တာသူ့အသက်၁၈ရှိပီသူကအရွယ်ရောက်နေပီ သူကအမျိုးသားတွေမကြိုက်တာမလို့လား?ဒါ့ကြောင့်မို့သူ့ကိုချင်ရိနဲ့လက်ထပ်ပေးတာပေါ့"


ပထမဆုံးtranslationလေးပါ ပြန်နေတယ့်သူရှိရင်ပြောပါနော် နာမည်တွေလွဲမှားခဲ့ရင်တောင်းပန်ပါတယ် E transနဲ့ပြန်တာပါ

မသန်စွမ်းဂိုဏ်းစတားနှင့်လက်ထက်ခြင်းWhere stories live. Discover now