မိုးရေစက်တွေကို အဓိပ္ပါယ် မဲ့စွာငေးရင်း ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားခဲ့ဖူးတယ်
မနွေးထွေးတဲ့ အသိုက်အမြုံတွေကြား ခဏလေး ဘဲဖြစ်ဖြစ်
ပျော်ရွှင်ရာကိုရှာဖွေချင်မိတယ် ခဏလေးပါ ဘဲ
ပုံမှန် အတိုင်း ထခဲ့သည့် မနက်ခင်းတွေက မိသားစုစုံလင်စွာ
စားသည့်မနက်စာထမင်းဝိုင်းနဲ့စတင်သည် သို့သော်
ထိုထမင်းဝိုင်းလေးကတော့ နွေးထွေးမှုတွေ မပါအေးစက်စက်သာ နေသားကျတာကြာပေါ့
စိတ်မပါသည့်ရှယ်ယာအစည်းအဝေးတွေတက်ရန်
တွန်းအားပေးတတ်သည့်အဖေက သားကို
ထမင်းစားပြီးပြီလားလို့မေးဖို့ကျ နှုတ်ဆိတ်နေတတ်သည်
ပထမဆုရတိုင်းချီးကျူးပေးတတ်တဲ့အဖေက
ကျတော် အဆင့်တွေကျသွားတဲ့အခါ နှစ်သိမ့်စကားပြောဖို့
မေ့လျော့နေတတ်သည်
ကျောင်းကအခမ်းအနားတိုင်းတက်ရောက်ပေးဖို့မေ့နေတတ်သည့်အဖေက ရှယ်ယာရှင်တွေနဲ့တွေ့ဖို့ကျ အမြဲ အမှတ်ရနေတတ်သည်လေ
အဲ့လိုအေးစက်တဲ့မိသားစု အေးစက်နေတဲ့အမေတို့ရဲ့ အိမ်ထောင်ရေးကြောင့် ထားသလိုနေ ပြောသလိုလုပ်နေရတဲ့ဘဝပေါ့
ဒုမန်နေဂျင်းဆိုတဲ့ပြည့်စုံတဲ့ရာထူးပြည့်စုံတဲ့အသိုင်းအဝိုင်းဆိုပြီးလူတွေကတော့အားကျကြသည်
အတွင်းကျကျဒဏ်ရာတွေကိုခံစားရတဲ့ကျတော့်ကိုဘယ်သူကနားလည်ပါလိမ့်မလဲ
'' သူဋ္ဌေးလေး ''
'' အင်း ''
'' ရှယ်ယာရှင်အစည်းအဝေးပြီးရင် LX company က
ဟာယွန်းနာနဲ့ ကြင်ဖက်တွေ့ဖို့ စီအီးအို ကပြောလိုက်ပါတယ် ''
'' ဟက် ငါမသွားချင်လည်းသွားရမှာမလား
အသိပေးရုံဘဲမလား ''
'' အာ့ဆို အခုသွားဖို့ပြင်ဆင်ကြတာပေါ့ သူဋ္ဌေးလေး ''
အဖေဆိုတာ ဒီလိုလူမျိုးအသိပေးရုံဘဲ ငြင်းခွင့်မှမရှိတာ
အခုလည်း သူ့မိတ်ဆွေသမီးနဲ့ တွေ့ခိုင်းပြန်ပြီသေချာပေါက်
ကုမ္ပဏီ ကြောင့်ပေါ့ အဟက်
'' hi ဒီက jeon လား ''
'' ဟုတ်တယ် ''
'' ကျမက ..
YOU ARE READING
Belie[Complete]
Romanceလိမ်ညာချင်မိရင်လိမ်ညာလိမ့်မယ် အညိုရောင် လေးသာဘေးနားရှိရင် လုံလောက်ပြီမို့....
![Belie[Complete]](https://img.wattpad.com/cover/295006823-64-k700377.jpg)