🖤 မင်း...လာတယ် 🖤

Start from the beginning
                                    

" ကျန့်ယွင်... မင်းကအရူးလား heat ကာလမှာတစ်ရက်ထဲနဲ့ ပြီးတယ်လို့ထင်နေတာလား "

ကျန့်ယွင်ကို အပေါ်စီးကနေပြီး ငုံကြည့်ကာပြောလိုက်သည်။ သူ့ကိုရီဝေဝေ မျက်လုံးတွေနဲ့ မော့ကြည့်လာတဲ့ ကျန့်ယွင်ကြောင့်နှလုံးခုန်သံတွေလည်း မြန်ဆန်လာရတယ်။

" မင်း...လာတယ် "

" ဒါပေါ့ ငါလာရမှာပေါ့... မင်းကိုအမှတ်အသားပေးတာ ငါလေ ထ ပြန်မယ်ဆက်နေမယ်ဆို ဒီမှာတင်နောက်ထပ်အမှတ်အသားပေးခံရမယ် "

ကျန့်ယွင်လေးအံ့ဩချိန်တောင် မရလိုက်ရဘူး။ လေပေါ်မြှောက်တက်သွားပြီး ကောက်ပွေ့ခြင်းကိုခံလိုက်ရသည်။ ကျန့်ယွင်က အောက်ကိုဆင်းမလို့ ရုန်းကန်လိုက်ပေမဲ့ " ငြိမ်ငြိမ်နေ " ဆိုတဲ့ဟောက်သံကြောင့် ​လှုပ်မရဲရှာတော့ဘူး။

ရင်ခွင်ထဲလိုက်လာရင်း မွှေးပျံတဲ့ဝိုင်ရနံဖြစ်တဲ့ ရိဖေးရဲ့ဟော်မုန်းအနံလေးတွေကို ရူရှိက်ရင်းလိုက်လာခဲ့သည်။

အနံလေးက အရမ်းသက်တောင့်သက်သာရှိတာပဲ့ ငါတစ်သက်လုံး ဟော်မုန်းဆိုတာဘာမှန်းသိတော့မှာမဟုတ်ဘူးလို့ ထင်ထားခဲ့တာ။ သူ့ကို့အမှတ်အသားပေးခဲ့သူကလည်း သူကျောင်းကတည်းက တိတ်တခိုးသဘောကျဖူးတဲ့ လူတစ်ယောက်တဲ့။ သူ့အပေါ်သိပ်မကောင်းပေမဲ့ ဒါနဲ့​တင်လုံလောက်ပါပြီ။

" ကိုယ့်အိမ်ကိုသွားမယ်...အနည်းဆုံးတော့ ကိုယ်ကလမ်းဘေးက ကလေကချေတစ်ယောက်မဟုတ်ဘူး ဆိုတာသိအောင်ပေါ့ "

ရင်ခွင်ထဲက ကျန့်ယွင်မှာ ခေါင်းကိုဆက်ခနဲမော့ကြည့်လာသည်။

" မင်း ကြားလိုက်လား "

" ဟက်... မင်းမိဘတွေတောင် မင်းရှိတဲ့နေရာရှာနိုင်သေးတာပဲ့ ကိုယ်ကဒါကိုဘာလို့ မကြားနိုင်ရမှာလဲ.... တော်ပြီ အိပ်နေ ကိုယ့်အိမ်ရောက်ရင်နှိုးလိုက်မယ် "

ကျန့်ယွင်လေး ရိဖေးရဲ့ရင်ခွင်ထဲမှာ စိတ်ချလက်ချအိပ်ပျော်သွားခဲ့သည်။

Buzzzzz......

ရိဖေး အိမ်ကိုရောက်တုန်း ကျန့်ယွင်ဘောင်းဘီအိပ်ထဲက ဖုန်းမှာတုန်ခါလာတာမို့ ဖုန်းကိုယူထုတ်လိုက်သည်။

I never said " Alpha "Where stories live. Discover now